令狐少萍

လိကျန့်စူးသည်လာအိုတိုင်းပြည်တည်ထောင်ရေးတပ်ပေါင်းဗဟိုဥက္ကဋ္ဌစေစွန်ဖုန်နှင့်တွေ့ဆုံ

(GMT+08:00)2019-03-20 16:03:05  cri

    တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ လိကျန့်စူးသည် ယခုလ ၁၉ ရက်နေ့က ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် လာအိုတိုင်းပြည်တည် ထောင်ရေးတပ်ပေါင်းဗဟိုဥက္ကဋ္ဌစေစွန်ဖုန်နှင့်တွေ့ဆုံခဲ့ကြောင်းတရုတ်သတင်းဌာနမှ သတင်းအ ရသိရပါသည်။

    ထိုသို့တွေ့ဆုံရာတွင် လိကျန့်စူးက တရုတ်-လာအိုတို့သည် အိမ်နီးချင်းကောင်း၊မိတ် ဆွေကောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-လာအိုဆက်ဆံမှုကိုလွန်စွာအလေး ထားပြီး လာအိုနိုင်ငံနှင့်လက်တွဲပြီး နှစ်ပါတီနှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များရရှိခဲ့သောအ ရေးကြီးသဘောတူညီမှုများကိုလမ်းညွှန်ချက်အဖြစ်ထားကာ တရုတ်-လာအိုမဟာဗျူဟာ မြောက်ကံကြမ္မာအသိုက်အဝန်းတည်ထောင်မှုဦးတည်ချက်ကိုကိုင်လိုကြောင်း၊ နှစ်နိုင်ငံ သော့ချက်ကျအကျိုးစီးပွါးနှင့်သက်ဆိုင်ရာကိစ္စရပ်များအပေါ် အပြန်အလှန်ထောက်ပံ့ကာ တရုတ်-လာအိုBelt and Road ပူးပေါင်းဆောင်ရွက်ရေးတွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူပြည်သားများအား ပိုမိုများပြားသောအကျိုး စီးပွါးများဖန်တီးပေးလိုကြောင်း ပြောကြားခဲ့သည်။