系统管理员

Boeing 737 MAX 8 လေယာဉ် ပျက်ကျမှုသည် အရှေ့တောင် အာရှ နိုင်ငံများ၏ မြို့ပြ လေကြောင်း လုပ်ငန်း အပေါ် ဂယက်ရိုက်ခတ်

(GMT+08:00)2019-03-15 10:25:26  CRI

    ယခုလ ၁၀ရက်နေ့က အီသီယိုးပီးယား လေကြောင်း ကုမ္ပဏီမှ Boeing 737 MAX 8 ခရီးသည်တင် လေယာဉ် တစ်စင်းသည် ပျက်ကျခဲ့ကြောင်း၊ ယင်းသည် လွန်ခဲ့သည့် အောက်တိုဘာလ အင်ဒိုနီးရှား LION လေကြောင်း ကုမ္ပဏီမှ ခရီးသည်တင် လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် ၄င်းပုံစံ လေယာဉ်၏ ဒုတိယ အကြိမ် ပျက်ကျမှု ဖြစ်ကြောင်း၊ ယင်းလေယာဉ် ပျက်ကျမှု ၂ခုတွင် လူ ၁၈၉ဦးနှင့် ၁၅၇ဦး အသီးသီး သေဆုံးခဲ့ရကြောင်း၊ ယခုတွင် Boeing 737 MAX 8 လေယာဉ်၏ ပျံသန်းမှုများကို လုံးဝ ရပ်စဲခဲ့ပြီ ဖြစ်ကြောင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် စသည့် အာဆီယံ နိုင်ငံများမှ မြို့ပြလေကြောင်း လုပ်ငန်းဌာနနှင့် လေကြောင်း ကုမ္ပဏီများသည် Boeing 737 MAX 8 လေယာဉ် အပေါ် ပျံသန်းမှု ရပ်စဲခြင်းနှင့် ကောင်းကင်ပိုင်နက်တွင် ဝင်ရောက်မှု ခွင့်မပြုခြင်း စသည့် ကန့်သတ်မှု ဆောင်ရွက်ချက်များကို ကျင့်သုံးပြီး လေယာဉ် ပျက်ကျမှု၏ စုံစမ်းစစ်ဆေးမှု ရလဒ်ကို စောင့်နေကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။