系统管理员

တရုတ် ယွမ်ငွေကို အစိုးရ စာရင်းရှင်း ငွေကြေး အဖြစ် မြန်မာ သတ်မှတ်

(GMT+08:00)2019-02-13 14:51:56  CRI

မြန်မာ ဗဟိုဘဏ်က လွန်ခဲ့သည့် ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ရာ တရုတ် ယွမ်ငွေနှင့် ဂျပန် ယန်းငွေကို အစိုးရ စာရင်းရှင်း ငွေကြေး နှစ်မျိုး အဖြစ် သတ်မှတ်ထားကြောင်း၊ ရည်ရွယ်ချက်မှာ နိုင်ငံတကာ ငွေရှင်း၊ စာရင်းရှင်းနှင့် နယ်စပ်ဒေသ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ခြင်းကို တိုးမြှင့်ရန် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မြန်မာ ဗဟိုဘဏ်မှ တာဝန်ခံ တစ်ဦးက တရုတ် ယွမ်ငွေကို မြန်မာ အစိုးရ စာရင်းရှင်း ငွေကြေး အဖြစ် သတ်မှတ်ပြီး မြန်မာ-တရုတ် နယ်စပ်ဒေသ ကုန်သွယ်မှု ဆိုင်ရာ ငွေရှင်းနှင့် စာရင်းရှင်းခြင်းကို ပိုမို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

မူလက မြန်မာမှ ခွင့်ပြုခဲ့သော အစိုးရ စာရင်းရှင်း ငွေကြေးများတွင် ယူရိုငွေ၊ အမေရိကန် ဒေါ်လာနှင့် စင်ကာပူ ဒေါ်လာများ ပါဝင်ကြောင်း သိရသည်။