系统管理员

ထိုင်းအထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်

(GMT+08:00)2019-02-01 14:49:16  CRI

ထိုင်းနိုင်ငံ ရွေးချယ်တင်မြှောက်ရေး ကော်မတီ ဥက္ကဋ္ဌ အီတီဖုန်က ယခုနှစ် မတ်လ ၂၄ရက်နေ့တွင် လွန်ခဲ့သည့် ၅နှစ်အတွင်း ပထမဆုံး အကြိမ် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ရွေးကောက်ပွဲတွင် ထိုင်းအောက်လွှတ်တော် အမတ်နေရာ ၅၀၀စလုံးကို ရွေးချယ်တင်မြှောက်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

အောက်လွှတ်တော်အမတ် အဖြစ် အရွေးခံရန် ပါဝင်ယှဉ်ပြိုင်သူများသည် ဖေဖော်ဝါရီလ ၄ရက်နေ့မှ ၈ရက်နေ့အထိတွင် နာမည်စာရင်းတင်သွင်းပြီး မှတ်ပုံတင်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေး ပါတီ အသီးသီးတို့သည် ၄င်း၅ရက်အတွင်း အောက် လွှတ်တော်အမတ်နှင့် ဝန်ကြီးချုပ် အဖြစ် အရွေးခံရန် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို တင်သွင်းရန်လည်း လိုအပ်ကြောင်း၊ လက်ရှိထိုင်းနိုင်ငံ၏ ရွေးချယ်တင်မြှောက်ရေး စနစ်အရ တစ်ပြည်လုံးရှိ မဲဆန္ဒရှင်များသည် အောက်လွှတ်တော်အမတ် ၅၀၀ကို ရွေးချယ် တင်မြှောက်မည် ဖြစ်ပြီး အရွေးခံ အောက်လွှတ်တော်အမတ်များသည် ပြည်လုံးဆိုင်ရာ ငြိမ်းချမ်းရေးစနစ် ထိန်းသိမ်းကာကွယ်ရေး ကော်မရှင်မှ သတ်မှတ်သော အထက် လွှတ်တော်အမတ် ၂၅၀တို့နှင့်အတူ အစိုးရ ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ကြမည် ဖြစ်ကြောင်း သိရသည်။