系统管理员

မလေးရှားသည် Goldman Sachsမှ လျော်ကြေး ကန်ဒေါ်လာ ၇့၅ဘီလီယံ တောင်းဆို

(GMT+08:00)2019-01-24 12:43:00  CRI

မလေးရှား ဘဏ္ဍာရေး ဝန်ကြီး Lim Guan Engက Goldman Sachအုပ်စုသည် မလေးရှားကို တောင်းပန်ဝန်ချကြောင်း ဖော်ပြရန် လိုအပ်သည့် အပြင်၊ လျော်ကြေး ပေးရန်လည်း လိုအပ်ကြောင်း၊ မလေးရှားသည် Goldman Sachအုပ်စုဆီမှ လျော်ကြေး အမေရိကန် ဒေါ်လာ ၇့၅ဘီလီယံကို တောင်းဆိုကြောင်း ယခုလ ၁၈ရက်နေ့က မီဒီယာများအား ပြောကြားသည်၊ ယင်းသည် ယခုအထိ မလေးရှားမှ တောင်းဆိုသည့် အများဆုံး လျော်ကြေးငွေ ဖြစ်သည်ဟု စီအာအိုင် သတင်းအရ သိရသည်။

Goldman Sachsသည် မလေးရှား 1 Malaysia Development Berhad(1MDB)၏ ငွေကြေးခဝါချမှု အပါအဝင် အဂတိလိုက်စားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း မလေးရှားဘက်က ဖော်ပြသည်။