အစိမ်းရောင်မြို့လေးဆီသို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်ခါဝယ်

(GMT+08:00)2017-12-16 03:10:24  CRI

 

တရုတ်နိုင်ငံရောက်ပြီး ဒုတိယမြောက်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုး မြို့ကို လေ့လာရေးခရီးသွားရောက်၇မယ်ဆိုတဲ့အတွက် ၀မ်းသာသွား၇ပါတယ်။ ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံကနေ လာရောက်ရမယ်ဆို၇င် လာရောက်ဖို့ အဆင်မပြေလှတဲ့ အတွက် ဒီနိုင်ငံမှာရောက်နေတုန်းသွားခွင့်ရတာမို့ ဒီလိုသွားေ၇ာက်ရတာကိုလည်း အ၇မ်း ကျေနပ်မိပါတယ်။ ဒီခရီးစဉ်က Belt and Road တစ်လျောက် နိုင်ငံတွေက သတင်း မီဒီယာတွေကို ဖိတ်ခေါ်ပြီး လေ့လာရေးပို့ဆောင်ပေးတာဖြစ်ပါတယ်။ အခုအဖွဲ့မှာဆို၇င် ထိုင်း၊ ကမ္ဘောဒီးယား၊ နီပေါ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ တောင်ကိုရီး ယား၊ ဗီယက်နမ်၊လာအို၊ မြန်မာတို့ပါဝင်ပါတယ်။

အစိမ်းရောင်မြို့လေးဆီသို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်ခါဝယ်

      ကွမ်ကျိုးမြို့ကို ရောက်ရောက်ချင်းမှာပဲ စိမ်းစိုးလှပနေတဲ့မြို့လေးအဖြစ် တွေ့မြင်လိုက် ရပါတယ်။ အခြားမြို့တွေနှင့်မတူပဲ စိမ်းစိုနေလှပနေတာကို တွေ့ရတော့ ကျနော်အံ့သြမိ သွားသလို စိတ်တို့လည်း လန်းဆန်းတက်ကြွမှုတွေဖြစ်ခဲ့ရပါတယ်။ ကျနော် တရုတ်နိုင်ငံက ပီကင်းမြို့၊ ကူမင်းမြို့၊ ပေါင်ရှန်းမြို့တို့ကို ရောက်ခဲ့ဖူးပေမယ့် ဒီမြို့လေးလိုတော့ စိမ်းစိုလှပ နေတာမျိုး မတွေ့မြင့်ခဲ့ရပါဘူး။ ကျနော် လက်ရှိ ပီကင်းမြို့မှာ နေထိုင်နေတာဖြစ်ပါတယ်။ အဲဒီမြို့က စိမ်းစိုလှပမှုတွေကို ပီကင်းမြို့ကို သယ်ယူလို့ရရင် သယ်ယူလာချင်စိတ်တောင် ဖြစ်မိပါတယ်။ အဲဒီလောက်ထိအောင် မြို့လေးက စိမ်းစိုလှပနေတာပါ။

အစိမ်းရောင်မြို့လေးဆီသို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်ခါဝယ်

ဒီကွမ်ကျိုးမြို့လေးဟာ ယဉ်ကျေးမှုမြို့တော်အဖြစ်ထင်ရှားပြီး သမိုင်းသက်တမ်း အားဖြင့်ကလည်း နှစ်ပေါင်း ၂၂၀၀ကျော်ပြီဖြစ်ပြီး တရုတ်လူမျိုးတွေရဲ့ မူလအခြေခံဇာတိ ဒေသလည်းဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်လည်း  ဒီမြို့လေးဟာ ရှေးသမိုင်းအစဉ် အဆက် အမွေအနစ်တွေလည်း များစွာရှိနေတာကို တွေ့မြင်ရပါတယ်။ ဟန့်မင်းဆက်၊ စုန့်မင်းဆက်၊ ထန်မင်းဆက်တို့ရဲ့ သမိုင်းအမွေအနစ်တွေ များစွာကျန်ရှိနေသေးပြီး မပျောက်ပျက်အောင် ထိန်းသိမ်းထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာ နှစ်ပေါင်း ၂၀၀၀ကျော်က တည်ရှိခဲ့တဲ့ နန်းယွဲ့မြို့ဟောင်းကို ပြန်လည်တူးဖော်နေပြီး ကမ္ဘာ့အမွေ အနစ်စာ၇င်း UNISCO မှာ ပါဝင်နိုင်ဖို့လည်း ဒီနှစ် ၂၀၁၇ခုနှစ်မှာ ကြိုးစားနေတယ်လို့ သိရ ပါတယ်။ စုန့်မင်းဆက်နှင့် ထန်မင်းဆက်တို့ရဲ့ သမိုင်းအမွေအနစ်တွေဖြစ်တဲ့ south sea god temple ဟာဆိုရင်လည်း ခရီးသွားတွေအတွက် စွဲဆောင်မှုကောင်းတဲ့ နေရာတစ် နေရာဖြစ်နေပါတယ်။ ဒီဘုရားကျောင်းမှာဆို၇င် စုန့်မင်းဆက်နှင့် ထန်မင်းဆက်တို့ရဲ့ ဘာသာေ၇း ကိုးကွယ်ယုံကြည်မှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်တစ်ခုက lychee bay လို့ လူသိများတဲ့ သမိုင်းဝင်နေရာတစ်ခုပါ။ ကွမ်ကျိုးမြို့ လီဝမ်လူနေရပ်ကွက်မှာတည်ရှိပါတယ်။ အဲဒီနေ၇ာမှာ လိုင်ချီဘေမြစ်၊ လိုင်ချီဘေကန်၊ ဘု၇ားကျောင်း၊ လေးမျက်နှာဘုရားလို့ဒေသစကားအရခေါ်ကြတဲ့ Wen Pagoda၊ အသုံးအဆောင် ပစ္စည်းတွေနှင့် ကိုးကွယ်မှုဆိုင်ရာ သာသာရေးရုပ်တုတွေကို စနစ် တကျထိန်းသိမ်းထားတာတဲ့ ပြတိုက်တစ်ခုကိုပါ တွေ့မြင်ခဲ့၇ပါတယ်။ ဒါ့အပြင် ရှေးပြဇာတ် အော်ပရာတွေ ကပြဖျော်ဖြေပေးနေတာကိုလည်း ကြည့်ရှုခွင့်ရခဲ့ပါတယ်။ ဒီနေ၇ာဟာ လည်း ကွမ်ကျိုးမြို့ရဲ့ သမိုင်းကို ဖော်ကျူးပြနေတယ်လို့ ယူဆမိပါတယ်။ ဒါတွေကို ကြည့်ခြင်းဖြင့် ဒီမြို့လေးဟာ သမိုင်းအမွေအနစ်တွေကို ချစ်မြတ်နိုးပြီး စနစ်တကျ ထိန်းသိမ်းတတ်ကြ တာကို သိမြင်နိုင်ပါတယ်။ ဒါဟာ ဒီမြို့လေးက ပြည်သူတွေရဲ့ လေးစား စရာကောင်းတဲ့ ဂုဏ်ပုဒ်တစ်ခုလို့ ဆိုချင်ပါတယ်။

အစိမ်းရောင်မြို့လေးဆီသို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်ခါဝယ်

  ဒါ့အပြင် ဒီမြို့လေးကို ခရီးသွားမြို့တော်၊ ပန်းမြို့တော်အဖြစ် ဖော်ဆောင်နေတာ လို့သိ၇ပါတယ်။ နောက်ပြီး မြို့လေးက ဆိပ်ကမ်းမြို့လေးဖြစ်နေတာကြောင့်လည်း နိုင်ငံ တကာနှင့် ဆက်သွယ်မှု အမြဲမပြတ်ရှိနေပါတယ်။ ဒီမြိုလေးမှာရှိတဲ့ Nansha ဆိပ်ကမ်း ဟာဆိုရင် တရုတ်နိုင်ငံမှာ စတုတ္ထအကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး တောင်အာရှနှင့် အရှေ့ တောင် အာရှနိုင်ငံတွေနှင့် ကုန်စည်ပို့ဆောင်ဆက်သွယ်လျက်ရှိနေပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံနှင့်လည်း ဆက်သွယ်မှုရှိပြီး တရုတ်နိုင်ငံက လျှပ်စစ်၊ စက်ပစ္စည်းများ တင်ပို့ပြီး မြန်မာနိုင်ငံက အ၀တ်အထည်များကို တင်သွင်းတယ်လို့သိ၇ပါတယ်။

အစိမ်းရောင်မြို့လေးဆီသို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်ခါဝယ်

      နောက်တစ်ခု ထူးခြားမှုက Canton မျှော်စင်ကြီးပါ။ ဒီမျှော်စင်ကြီးဟာ ဂရင်းနစ် စံချိန် (၃)ခုတင်ထားပြီး တရုတ်နိုင်ငံမှာ အမြင့်ဆုံးနှင့် ကမ္ဘာ့တတိယ အမြင့်ဆုံး မျှော်စင်ကြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီမျှော်စင်ကြီးပေါ်က မြို့တစ်ခုလုံးကို လွှမ်းခြုံကြည့်လိုက်တဲ့ အခါ ကွမ်းကျိုးမြို့ရဲ့သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွေကို အထင်သားမြင်တွေ့ လိုက်ရပါတယ်။ ဒီမျှော်စင်ကြီးက ညအခါဆိုရင်တော့ မီးရောင်စုံတို့နှင့် လှပနေတာက လည်း ဒီမြို့လေးရဲ့ အလှတစ်ခုကို ဖော်ကျူးပေးနေတယ်လို့ ဆိုချင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအပိုင်းမှာလည်း ဒီမြို့လေးက အခြားမြို့တွေအတွက် အားကျချင်စရာပါ။ ပင်လယ်၊ မြစ်တို့နှင့် ထိစပ်နေတဲ့ မြို့လေးဖြစ်တဲ့ အတွက်ကြောင့်လည်း အမြဲစိမ်းစိုစိုစွတ်နေတာကိုတွေ့မြင်ရပါတယ်။ ရေအရင်းအမြစ်ပေါကြွယ်ဝတယ်လို့ ပြောရ မလိုပါ။ ဒီရေအ၇င်းအမြစ်တွေကိုအသုံးပြုပြီး စိုက်ပျိုးလုပ်ငန်းတွေကို ခေတ်မီနည်းပညာတွေ ပေါင်းစပ်ကာ စိုက်ပျိုးထုတ်လုပ်နေတာကို တွေ့မြင်ရပါတယ်။ မြို့ပြင်အနှံ့ တစ်ခွင်မှာ စိမ်းစိုကျယ်ပြောလှတဲ့ စိုက်ခင်းပြင်ကြီးတွေကို တွေ့မြင်ရနိုင်ပါတယ်။

အစိမ်းရောင်မြို့လေးဆီသို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်ခါဝယ်

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်းရောက်သလို ပြည်သူတွေ အပန်းဖြေစရာ နေရာတစ်ခုဖြစ်အောင်ပါ ဖန်တီးထားတဲ့ စိမ့်မြေဥယျာဉ်တွေ တည်ဆောက် ထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒီဥယျာဉ်တွေမှာ သဘာဝပေါက်ပင်၊ ကျေးငှက် တိ၇ိစ္ဆာန်တွေကို မူလဂေဟစနစ်အတိုင်းမပျက်စီးအောင်ထိန်းသိမ်းပေးထားပြီး အခြားသိပ္ပံ နည်းပညာအရ တီထွင်စမ်းသပ်ထားတဲ့ အပင်မျိုးစိတ်တွေကိုပါ ထည့်သွင်းစိုက်ပျိုးထားကြ ပါတယ်။ ဒီနေရာတွေဟာ ဥယျာဉ်တစ်ခုဆိုတာထက် သဘာဝဂေဟစနစ်တွေကို မပျောက် ပျက်အောင် ထိန်းသိမ်းပေးထားပြီး သဘာဝပတ်ဝန်းကျင်ကောင်းမွန်အောင် တစ်ခန်းတစ် ကဏ္ဍကနေ အကျိုးပြုနေတယ်လို့ ဆိုချင်ပါတယ်။ များသောအားဖြင့် ဒီနေရာတွေဟာ မြစ်၊ ပင်လယ်၊ ချောင်းတွေနှင့် ဆုံရာတွေမှာတည်ရှိတာဖြစ်တဲ့အတွက် မြို့အတွက် ရေလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်သလို ရေကြီးရေလျှံမှုတွေကိုလည်း ကာကွယ်ပေးနိုင်အောင်ပါ စီမံတည်ဆောက်ထားတယ်လို့လေ့လာသိရှိခဲ့ရပါတယ်။

အစိမ်းရောင်မြို့လေးဆီသို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်ခါဝယ်

နောက်တစ်ခု ဒီမြို့ကလေးမှာ အာရှရဲ့အကြီးဆုံး Convention center ဖြစ်တဲ့ Canton fair complex ကြီး ရှိနေတာပါ။ ဒီနေရာမှာဆိုရင် ကြီးကျယ်ခန်းနားတဲ့ ကုန်စည်ပြပွဲကြီး တွေကို လက်ခံကျင်းပလေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း ကုန်စည်ပြပွဲပေါင်း တစ်ရာကျော်မက လက်ခံကျင်းပရတယ်လို့သိရပါတယ်။ ကုန်စည်ပြပွဲတွေကိုတော့ ပြည်တွင်းရော၊ ပြည်ပက ကုန်ပစ္စည်းပြပွဲတွေကိုပါ ၂၀၀၈ခုနှစ်ကတည်းက လက်ခံကျင်းပခဲ့ပြီး အခုဆိုရင်တော့ဖြင့် ဒီ သွင်းကုန်၊ထုတ်ကုန် Complexကြီးဟာ အောင်မြင်ကျော်ကြားနေတဲ့ ကုန်စည်ပြပွဲကျင်းပရာ နေရာတစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အစိမ်းရောင်မြို့လေးဆီသို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်ခါဝယ်

ကွမ်ကျိုးလေ့လာရေးခရီးစဉ် (၆)ရက်အတွင်းမှာ သွားရောက်လေ့လာခဲ့ရတဲ့ နေရာတွေ ကတော့ တော်တော်များပါတယ်။ အခြားစက်မှုလုပ်ငန်းနှင့် နည်းပညာလုပ်ငန်းတွေနှင့် ပတ်သက်တဲ့ နေရာတော်တော်များကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ ဒီ(၆)ရက်အတွင်း ဆွဲဆောင်မှုအရှိဆုံးနှင့် ပျော်ရွှင်စရာအကောင်းဆုံးကတော့ ကျို့ကျန်းမြစ်တစ်လျောက် သင်္ဘောစီး၇င်း ညစာစားခဲ့ရတဲ့အဖြစ်ပါ။ လမှန်မှိန်လေးရဲ့အောက် မီးရောင်စုံဖြာကျနေတဲ့ ကျို့ကျန်းမြစ်ပေါ်ကနေ ကွမ်ကျိုးမြို့ရဲ့ မြို့ပြညအလှကို ကြည့်ရှုခံစားခွင့်ရခဲ့တဲ့ အဲဒီ အခိုက်အတန့်လေးဟာ ကျနော်အတွက် ဘယ်တော့မှမေ့နိုင်တော့မှာ မဟုတ်ပါ။ ပျော်ရွှင် စရာတွေ၊ ကြည်နူးစရာတွေ၊ အံ့သြစရာတွေ၊ နှစ်လိုဖွယ်ဖြစ်စရာတွေနှင့် ထုံမွှန်းထားတဲ့ ညတစ်ညအဖြစ် တည်ရှိနေတာ့မှာဖြစ်တယ်လို့ ဆိုချင်ပါတယ်။

အစိမ်းရောင်မြို့လေးဆီသို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်ခါဝယ်

တကယ်တော့ ကွမ်ကျိုးမြို့လေးဟာ ကျနော်တို့ရောက်ရောက်ခြင်းမှာ မိုးရေစက်တို့ရဲ့ အေးမြမှုနှင့်အတူ ကြိုဆိုခဲ့ပြီး ပြန်တော့လည်း မိုးရေစက်တို့ရဲ့ အေးမြမှုနှင့်အတူပဲ နှုတ် ဆက်ခဲ့ပါတယ်။ ကွမ်ကျိုးမြို့လေးဟာ ပန်းမြို့တော်ဖြစ်တယ်ဆိုပြီး မြို့နေပြည်သူတွေရဲ့ အမည်နာမပေးထားတဲ့အတိုင်း  အမှန်တကယ်ပဲ ပန်းမြို့တော်လေးဖြစ်တယ် ဆိုတာ ကျနော် ထောက်ခံမိပါတယ်။ တစ်မြို့လုံးကို သစ်ပင်တွေနှင့် မွမ်းမံထားပြီး လမ်းဘေး ၀ဲယာ တစ်ဖက်တစ်ချက်စီမှာလဲ လှပတဲ့ပန်းမန်တို့နှင့် ချယ်သထားပါတယ်။ ဒါတွေဟာ ကွမ်ကျိုး မြို့ဝိသေသတစ်ခုလို့ ထင်မှတ်စရာဖြစ်အောင်ကို တကယ်စိမ်းစိုလှပ အေးမြလှပါတယ်။ ခြုံပြောရရင် ဒီမြို့လေးဟာ အဖက်ဖက်က ပြည့်စုံလှပနေတဲ့မြို့လေးလို့ ဆိုချင်ပါတယ်။ အ၇မ်းလည်းချစ်စရာကောင်းလှပါတယ်။ လာရောက်လည်ပတ်သူတို့ရဲ့ စိတ်နှလုံးကို အေးမြလန်းဆန်းသွားအောင် ဖမ်းစားနိုင်စွမ်းရှိတဲ့ ဒီမြို့လေးကို အမြဲသတိရနေဦးမှာပါ။ တင်စားခွင့်ရှိလို့ တင်စားခေါ်ဆိုရမယ်ဆိုရင် အစိမ်းရောင်မြို့လေးလို့ တင်စားခေါ်ဆိုချင် ပါတယ်။ နောက်တစ်ခေါက် ထပ်ရောက်ခွင့်များရှိရင်တော့ဖြင့် လှမ်းလို့လာချင်ပါသေးတယ် မြို့ကွမ်းကျိုး၇ယ်-------။

                                                    အောင်မာန်(ဆော)

                                                    ၁၀-၇-၂၀၁၇