ရှန်​ရှီးပြည်​နယ်​ခရီးစဉ်​ ရှီးအန်း​သမိုင်း​ကြောင်းပြတိုက်

(GMT+08:00)2017-12-16 03:10:27  CRI

ရှန်​ရှီးပြည်​နယ်​ခရီးစဉ်​ ရှီးအန်း​သမိုင်း​ကြောင်းပြတိုက်

ရှီးအန်းသမိုင်ကြောင်းပြတိုက် တွင် တရုတ်လူမျိုးတို့၏ ​​ရှေးဟောင်း လက်ရာများ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများကို စုံလင်စွာပြသထားပါသည်.စွမ်းကျုံးရှမ်ခေတ်(1912-1949) ခေတ်.ချင်မင်းဆက်​​ခေတ်.ဟန့်မင်းဆက်​​ခေတ်.ထန်မင်းဆက်​​ခေတ် အသုံးအဆောင်များ.လက်ဝတ်ရတနာများ ကြွေထည် ငွေထည် ရွှေထည်ပစ္စည်းများကိုရှေးမူလက်ရာများအတိုင်း ပြသထားပါသည်..ရှေးဟောင်းသုတေသနလေ့လာသူများ.စာတမ်ရေးသားသူများသည် ဤပြတိုက်သို့ လာရောက်​​လေ့လာပါက ရှေးခေတ်သမိုင်ကြောင်းကို ပိုမိုစုံလင်ပြည့်ဝစွာရေးသားနိုင်သည်ဟု သိရှိရပါသည်.ထန်မင်းဆက်​​ခေတ်တွင်လွန်စွာကြွယ်ဝချမ်းသာသောကြောင့် အသုံးအဆောင်ပစ္စည်းများအား ရွှေထည် ငွေထည်များဖြင့် သုံးစွဲခဲ့သည်ဟု သိရပါသည်..ထို့ကြောင့် ထန်မင်းဆက်​​ခေတ် အသုံးအဆောင် ရွှေထည် ငွေထည်များကိုလည်း ဤပြတိုက်တွင်​​ လေ့လာတွေ့ရှိရပါသည်..ရှေးဟောင်းယဉ်​​ကျေးမှု သမိုင်းဝင်လက်ရာများကို ယခုကဲ့သို့ အမြတ်တနိုးတန်ဖိုးထားသိမ်းဆည်းပြီး ပြတိုက်တွင်ပြသထားခြင်းဖြင့် မိမိတို့၏နောင်လာနောက်သားများ မိမိတို့သမိုင်းကို အလွယ်တကူလေ့လာနိုင်သလို မိမိတို့ယဉ်​​ကျေးမှုများကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်..ပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်​​လေ့လာခြင်းအားဖြင့် ခရီးသွားလုပ်ငန်းအတွက်ထောက်အပံ့ကောင်းတစ်ခုဖြစ်​​စေပြီး တိုင်းပြည်ဝင်​​ငွေကို တထက်တလမ်းမှ တိုးစေနိုင်ပါသည်..