နှစ်သစ်ချိန်ခါ တောင်းဆုချွေလွှာ

(GMT+08:00)2017-12-16 03:10:22  CRI

နှစ်သစ်ချိန်ခါ တောင်းဆုချွေလွှာ

နှစ်သစ်မင်္ဂလာ

ဒီချိန်ခါသမရ

ပျော်ကြပါစေ

တောင်းဆုချွေ၏။

လူတိုင်းရင်မှာ အကြင်နာထုံမွန်း

မေတ္တာချစ်ခြင်းတရားတွေ ရောစွက်လို့

အမုန်းတွေအစား အပြုံးတွေဝေေ၀ဆာနှင့်

သာသာယာရှိနိုင်ကြပါစေ

တောင်းဆုချွေ၏။

နှစ်ဟောင်းက အကြွင်းကျန်

မကောင်းတာမှန်သမျှ အတိတ်မှာထားခဲ့။

နှစ်သစ်မှာ စိတ်အင်သစ်တွေနှင့်

ရှေ့ဆက်ကာ ကြံရွယ်ကြိုးစားနိုင်လို့

အောင်မြင်မှုအသွယ်သွယ် မလွဲတကယ်ရစေရေး

တောင်းဆုဆိုပေး၏။

မရှိစကား၊ မကြားရလို

ဝေဒနာအများ မကြုံကြစေလို

ဒုက္ခတွေကြား  သောကတွေမပွားကြရဘဲ

ဆင်းရဲမှုအလုံးစုံမှ

ကင်းရှင်းအကုန် ဝေးကြစေပြီး

ငြိမ်းအေးမှုတေးအလင်္ကာတွေကို

ကိုယ်စီကိုယ်ငှ သီးကျူးဖွဲ့ဆိုနိုင်ကြစေ

နှစ်သစ်ဆုမွန်ချွေစကား ပါးလိုက်ပါ၏။

လောကလူရွာအကုန်လုံး ငြိမ်းချမ်းခြင်းဖြင့် ထုံမွန်းနိုင်ပါစေသား။

 

                                                      အောင်မာန်(ဆော)