စိတ်ကူးယဉ်အိပ်မက်ထဲက

(GMT+08:00)2017-12-16 03:10:18  CRI

                                             စိတ်ကူးယဉ်အိပ်မက်ထဲက

ကောင်းတာစား၊ ကောင်းတာဝတ်၊ ကောင်းကောင်းသုံး၊ ကောင်းကောင်းနေချင်ကြတာဟာ လူ့ သဘာဝတရားပဲ မဟုတ်ပါလား။ ဘယ်သူမဆို ဇိမ်ကျကျနေချင်ကြတာကလည်း သဘ၀ကျတဲ့ အ ကြောင်းတစ်ရပ်ပါ။

ဇိမ်ခံချင်တယ်ဆိုတာကလည်း အယုတ်အမြတ်လူတန်းစားမရွေးပါဘူး။ ချမ်းသာတဲ့သူကလည်း အကောင်းစားတွေသုံး၊စားပြီး ဇိမ်ခံမှာ ဖြစ်သလို၊ နွမ်းပါးတဲ့သူများကြတော့လည်း ကိုယ့်ရှိတာလေး နဲ့ အဆင်ပြေအောင် ဇိမ်ခံလေ့ရှိတတ်ကြပါတယ်။

အဲလိုဇိမ်ခံပစ္စည်းအမျိုးမျိုးထဲမှာတော့ ပိုက်ဆံဈေးကြီးလေ၊ လူသိများလေ။ လူတွေ ပိုကြိုက်ကြလေ။

နာမည်ကြီးတဲ့ ပစ္စည်းများစွာထဲမှာမှ စိတ်ထဲမှာ စွဲစွဲလမ်းလမ်းရှိနေတဲ့၊ လိုချင်နေတဲ့ အရာတွေ က အရှိန်မြင့်မြင့်မောင်းနိုင်ပြီး၊ ပုံစံလေးလှသလို ဈေးကလည်း မိုးပေါ်တက်ကပ်နေတဲ့ အီတလီနိုင်ငံထုတ် Lanborghini လို့ ခေါ်တဲ့ကားတစ်မျိုးပါ။ အဲကားကို အင်တာနက်ကနေ ကြည့်ပြီးတော့ ညတိုင်း အိပ်မက်ထဲမှာ စီးကြည့် နေမိတော့တာပါပဲ။

နောက်တစ်ခုက စလင်းဘက်ခ်လေးတစ်ခုပါ။ စလင်းဘက်ခ်လေးလို့ ပြောပေမဲ့ ဈေးက အင်မတန် ကြီးပါတယ်။ LV(Lovis Vuitton) အမျိုးအစားပါ။ ဒါလေးကိုလည်း အိပ်မက်ထဲမှာပဲ ၀ယ်ရပါတယ်။ ဘာလို့ဆိုတော့ အဲဒါကြီးကို ၀ယ်လွယ်မယ်ဆိုရင် နှစ်ဝက်လောက် မစားမသောက်ဘဲစုပြီး ၀ယ်မှ ရနိုင်မှာမို့ပါ။

နာရီတကာတို့ရဲ့ ထိပ်မှာရှိတဲ့ ဆွစ်ဇလန်နိုင်ငံထုတ် PATEK PHILIPPE(GENEVE)  တံဆိပ်ကို ပုံလေးတွေပဲကြည့်ပြီး စိတ်အာသာဖြေနေရတော့တာပါပဲလေ။ ဘယ်လောက်တောင် ဈေးကြီးလဲ ဆိုရင် ၀ယ်နိုင်တဲ့သူတောင် သိပ်မရှိဘူးလို့ ဖတ်ဖူးတယ်။ လှချက်ကလည်း ပြောမနေပါနဲ့တော့လေ။

အဲလို ပစ္စည်းကောင်းတွေကို သုံးရင်လူ့အဆင့်အတန်းမြင့်လာတယ်၊ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရ နိုင်ပါတယ်။ ဒါပေမဲ့လည်း အဲလိုပစ္စည်းတွေကို မသုံးနိုင်သူတွေကိုကော ဘယ်လိုပြောမလဲလို့ မေးလာရင် ကျွန်မ ဖြေလိုက်ချင်တာကတော့ အဲဒိအရာတွေအားလုံးက အိပ်မက်ထဲက စိတ်ကူးယဉ် လေးတွေပဲဖြစ်တာမို့ နားလည်ပေးကြဖို့ပါပဲ….