စိတ်ပြူတင်းပေါက် လေးများ မှန်ကန်စွာဖွင့်နိုင်ကြပါစေ

(GMT+08:00)2017-12-15 16:30:23  CRI

စိတ်ပြူတင်းပေါက် လေးများ မှန်ကန်စွာဖွင့်နိုင်ကြပါစေ

 (←click here to listen)

မေအားမာန်- သောတရှင်များအားလုံး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ကျွန်မ မေအားမာန်က နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာညချမ်းလေးပါ ခင်ဗျာ၊ ကျွန်တော်ခင်မောင်ဝင်းပါ။

မေ- ဒီတစ်ပတ် အားမာန်တို့ တင်ဆက်ပေးချင်တဲ့ အကြောင်းလေးကတော့ လူသားတိုင်းခံစားနေရ တဲ့ စိတ်ရဲ့စေခိုင်းရာ စိတ်စွမ်းအင်လေးတွေကို သိထား၊ဖတ်ထားတဲ့ အကြောင်းတွေထဲကတစ်ဆင့် ပြန်လည်ဖောက်သည်ချပေးသွားမှာပါရှင်။

ဦး- ဟုတ်ပါတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေအားလုံးကို စေခိုင်းနေသူကတော့ စိတ် ဆိုတဲ့ စွမ်းအားကြီးပဲမဟုတ်ပါလား။

မေ- သိပ်မှန်တာပေါ့ရှင်။ အားမာန်တို့ တစ်နေ့တာရဲ့အစကိုပဲ ကြည့်လေ ဒီစိတ်က နှိုးလို့နိုးရတယ်။ ထရမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ရမယ်၊ ကျန်းမာရေးအတွက် သင့်တင့်တာကို စားသောက် ရမယ်၊ ပြီးတော့လုပ်သင့်တာကိုလုပ်၊ နားသင့်တဲ့အချိန်နား၊ အိပ်ချိန်တန်အိပ်နဲ့ပဲ စိတ်ယန္တရားကြီးရဲ့ အလိုကျလုပ်ဆောင်နေရတာလို့ မြင်မိတယ်ရှင်။

ဦး- ဟုတ်လိုက်လေဗျာ။ အဲလိုလုပ်ရင်းကိုက တစ်ခါတလေ အဆင်မတာတို့၊ အခန့်မသင့်တာတို့နဲ့ ကြုံလာခဲ့ရရင်လည်း စိတ်အလိုတော်အကျလိုက်လုပ်ဆောင်ရင်းနဲ့ အမှားတွေလုပ်မိသွားမယ်။ ပြီး တော့ အဲဒိအမှားရဲ့ ဆိုးကျိုးကြီးတွေကို ကျန်ရစ်သူတွေက ဆက်ပြီးခံစားစေတတ်တာမျိုးလည်းရှိ တာပဲ မဟုတ်လားဗျာ။

မေ- ဟုတ်ပါတယ်။ အားမာန်ကြားဖူးတယ်။ တစ်ချို့တွေဆို စိတ်တွေမွန်းကြပ်နေပြီ၊ ဖိအားတွေများ လွန်းနေပြီး ကိုယ့်စိတ်ကိုကိုယ် မထိန်းနိုင်တော့ဘဲ၊ အကောင်း၊အဆိုးမခွဲခြားနိုင်တော့ဘဲ စိတ်ဆိုး၊ စိတ်မိုက်ရဲ့နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတတ်ကြပါတယ်၊ မဟုတ်လားရှင်။

ဦး- ဟုတ်တယ်။ ကျွန်တော်ကြားဖူးတာလေးတစ်ခုကိုပြောချင်တယ်ဗျာ……..

မေ- ဟုတ်တယ်။ အားမာန်တော့အဲလိုမျိုးလုပ်ရပ်တွေကို အားမပေးချင်ဘူး။ သဘောလည်းသိပ် မကျဘူးရှင်။ ဘာလို့ဆိုတော့အားမာန်တို့ ဗုဒ္ဓဘာသာဝင်တွေဆို အဖန်ငါးရာ၊ငါးကမ္ဘာကို သိပ် ကြောက်ကြတယ်မဟုတ်လား။ ဒီဘ၀မှာ ဒီလိုစိတ်ညစ်အားကြီးလွန်းလို့ စိတ်ရဲ့ ထွက်ပေါက်တစ်ခု အနေနဲ့ ဒီလိုလုပ်တယ်ဆိုရင်တောင် နောင်ဘ၀ဆက်တိုင်းဒီလိုဖြစ်တတ်တယ်၊ ဆိုတော့ကာ နောက် ဘ၀များမှာ ကိုယ်က ကျန်းမာပျော်ရွှင်စွာရှိနေပေမဲ့လည်း ပြီးခဲ့တဲ့ဘ၀ကလုပ်ခဲ့ရတဲ့ လုပ်ရပ်ကြောင့်

ဒီဘ၀ရဲ့ပျော်ရွှင်ကြည်နူးမှုတွေကို ပြိုပျက်စေနိုင်တယ် မဟုတ်လားရှင်။

ဦး- ဟုတ်တယ်၊ စိတ်စေခိုင်းတဲ့အတိုင်း စိတ်ထွက်ပေါက်တစ်ခုခုကို လုပ်တတ်ကြတာကတော့ လူ့သဘာဝလို့ ပြောနိုင်ပါတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အသက်အဆုံးရှုံးခံပြီးတော့ တော့ မလုပ်သင့် ဘူးလို့ ထင်မိတယ်ဗျာ။

မေ- အို သိပ်မှန်တာပေါ့ရှင်။ ဒါဆို ဦးခင်မောင်ဝင်းလည်း စိတ်ထွက်ပေါက် တစ်ခုခုကိုလုပ်ချင်ရင် ဘယ်လိုမျိုးလေးတွေ လုပ်တတ်ပါသလဲရှင်။

ဦး- ဟုတ်ကဲ့၊ ကျွန်တော်ကတော့…..

မေ- အားမာန်ပြောချင်တဲ့ သေချာတာတစ်ခုကတော့ လူတိုင်းဟာချမ်းသာချင်ကြတာပါပဲလေ။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင် ဘာသာမဲ့ပဲဖြစ်ဖြစ် သတ္တ၀ါ မှန်သမျှစိတ်ရောကိုယ်ပါချမ်းသာချင်ကြသူပဲ လို့၊ ပြီးတော့အဲဒိ ချမ်းသာခြင်းဆိုတဲ့ အဓိပ္ပါယ်ကို လည်း အမျိုးမျိုးဖွင့်ဆိုတတ်ကြသေးတာပါပဲ။

ဦး- အင်း ကျွန်တော်ပြောချင်တာလေးတစ်ခုက စိတ်ချမ်းသာနေမှ၊ကိုယ်လည်းကျန်းမာနိုင်မှာ ဖြစ်သလို၊ ကျန်းမာရေးကောင်းမှလည်း စိတ်ချမ်းသာနိုင်မယ် မဟုတ်လားဗျာ။

မေ- ကျွန်မတို့ရဲ့ စိတ်တွေဟာ အတိတ်နဲ့အနာဂတ်နှစ်ခုအကြား လွန်းထိုးပြေးလွှားနေတတ်ကြတယ်

အကောင်းဆုံးက ဘာကိုမှယူမလာခဲ့ဖို့ပဲ၊ လက်ရှိအခြေအနေပေါ်မှာ နေထိုင်တတ်ရမှာပါ။ ပစ္စုပ္ပန် တည့်တည့်နေထိုင်ခြင်းဆိုပေါ့တော့။ ကိုယ်ဘာဖြစ်နေတယ်ဆိုတာကို သတိတရပြန်ပြန်ကြည့်ပေး ရမယ်။ နေတတ်အောင်ကျင့်ကြည့်ပါ၊ ကျင့်သားရသွားရရင် နေထိုင်တတ်သွားမှာပါ။

ဦး- ဒါဆို နေ့တစ်နေ့ရဲ့ အစနဲ့အဆုံးကို အပိုင်းပိုင်းလေးတွေ ပိုင်းခြားကြည့်တတ်အောင်ကြည့်တတ် မယ်ဆိုရင် လူတိုင်းလူတိုင်းက စိတ်ရော၊ကိုယ်ပါ ကျန်းမာချမ်းသာလာကြမယ်လို့ ကျွန်တော်မြင် တယ်ဗျာ။

မေ- ဟုတ်ပါတယ်၊ ဒါကြောင့် အားမာန်ပြောချင်တာက စိတ်ပြူတင်းပေါက်လေးတွေကိုမှန်ကန်စွာ ဖွင့်တတ် အောင် ဖွင်ကြည့်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီနေ့အစီအစဉ်လေးကို ဒီမှာရပ်နားခွင့် ပြုပါရှင်။ နားဆင်အားပေးနေတဲ့ သောတရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ အားမာန် တို့အစီ အစဉ်လေးကိုလည်း ဝေဖန်၊အကြံပေးစာလွှာလေးများ ပို့ပေးကြပါဦးလို့။ ပြီးတော့ အီးမေးလ် ကနေ လည်း ပေးပို့လို့ရတယ်ဆိုတာကို သတင်းကောင်းလေး ပါးလိုက်ပါတယ်ရှင်။ ကျွန်မ မေအားမာန်ရဲ့ ကိုယ်ပိုင် ဂျီမေးလ်ကိုလည်း တိုက်ရိုက်ပို့လို့ရပါတယ်ရှင်။ chittamelay.myint@gmail.com