၁၁- ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည့်သူ့ကွန်ဂရက်နဲ့ တရုတ်နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ

(GMT+08:00)2017-12-15 16:28:11  CRI

၁၁- ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည့်သူ့ကွန်ဂရက်နဲ့ တရုတ်နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ

 

မေအားမာန်- သောတရှင်များအားလုံး မင်္ဂလာပါရှင်။ ကျွန်မ မေအားမာန်ပါ။

ဦးခင်မောင်ဝင်း- မင်္ဂလာညချမ်းလေးပါခင်ဗျာ၊ ကျွန်တော်ခင်မောင်ဝင်းပါ။

မေ- ဒီတစ်ပတ် အားမာန်တို့ ပြောကြမယ့် အစီအစဉ်လေးကတော့ တရုတ်ပြည် ပီကင်းမြို့မှာကျင်းပ နေတဲ့ ကွန်ဂရက်ကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ်ရှင်။

အဲဒိ ကွန်ဂရက်ကြီးတွေကတော့ ၁၁- ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည့်သူ့ကွန်ဂရက်နဲ့  တရုတ်နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီ တို့ပဲ ဖြစ်ပါတယ်ရှင်။

ဦး- ဟုတ်ပါတယ်ဗျာ။ အဲ အစည်းအဝေးကြီးကို ဘယ်နှရက်ကျင်းပမလဲဆိုတာ သောတရှင်များကို ပြောပြလိုက်ပါဦးဗျာ။

မေ- ဟုတ်ကဲ့။အဲဒိ အစည်းအဝေးကြီး နှစ်ခုကို မတ်လ သုံးရက်နေ့ကနေ ဆယ့်လေးရက်နေ့ အထိ ကျင်းပသွားပါတယ်ရှင်။

ဦး- ဟုတ်ပါတယ်။ ၁၂ ရက် တိုင်တိုင် ကျင်းပသွားတဲ့ ကွန်ဂရက်ကြီးပဲ ဖြစ်ပါတယ်ဗျာ။

မေ- ဟုတ်တယ်နော်။ အဲဒိ အစည်းအဝေးကြီးက အခုအကြိမ်နဲ့ပါဆို ဘယ်နှကြိမ်ရှိပြီလဲဆိုတာကို လည်းပြောပြပါဦး။

ဦး- ဟုတ်ကဲ့။ အခုတစ်ကြိမ်က  ၁၁ ကြိမ်မြောက် ပဉ္စမအကြိမ် အစည်းအဝေးကြီးပါ။

မေ- ဒါဆိုရင် ဒီနေ့ အစီအစဉ်လေးကို သောတရှင်တွေ ရှင်းရှင်းလင်းလင်း သိရအောင် ဦးခင်မောင် ၀င်းကပဲ စပြီး ပြောပါဦးရှင်။

ဦး- ဟုတ်ကဲ့ပါ။ အဲဒိ အစည်းအဝေးကြီးရဲ့ ဖွင့်ပွဲမှာ မနှစ်က လုပ်ငန်းအစီရင်ခံစာတွေကို ပြောတယ်၊ အဲဒိအပေါ်မှာ မူတည်ပြီး ပြည်သူ့ကွန်ဂရက်အစည်းအဝေးမှာ ၀န်ကြီးချုပ် ၀င်ကျားပေါင်က အစိုးရ လုပ်ငန်းအစီ ရင်ခံစာတွေကိုတင်သွင်းတယ်။

မေ- ဟုတ်တယ်နော်။ အားမာန်သိထားတာက အဲဒိလို အစိုးရအဖွဲ့တွေ၊ တရုတ်ပြည်လူမှုရေး၊စီးပွား ရေး၊နိုင်ငံခြားရေး အဖွဲ့ခွဲက ဆွေးနွေးပြီးမှ နောက်ဆုံး စိစစ်အတည်ပြုရတယ်ဆို ဦးခင်မောင်ဝင်း။

ဦး- ဟုတ်ပါတယ်။ အစိုးရအဖွဲ့မှာ တရုတ်ပြည်သူတရားသူကြီးချုပ်၊ ရှေ့နေချုပ်တွေဟာ သူတို့ရဲ့လုပ် ငန်းတွေကို အစီရင်ခံတင်သွင်းပြီးမှ နောက်ဆုံးစိစစ်အတည်ပြုကြတယ်လေ။

မေ- ဟုတ်တယ်နော်။ အဲလိုတွေလုပ်ဖို့ဆို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဟိုးအောက်ခြေအထိ သွားပြီး စစ်ဆေးမှုတွေလုပ်တယ်၊ ဆုံးဖြတ်တယ်၊ ပြီးမှ အထက်ကို တင်ပြတယ်ဆို၊ ပြီးတော့ ပညာ ရှင်အဖွဲ့တွေလည်း ပါပြီးတော့ အနုပညာရှင်တွေ၊ပါတီဝင်တွေလည်း ပါတယ်နော်။

ဦး- ဟုတ်ပါတယ်။ ဒီကွန်ဂရက်ကြီးက လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံက လူတွေတက်ရောက် ကြပါတယ်။

မေ- ဒါဆို အဲအစည်းအဝေးကြီးက ဒီမိုကရေစီဆွေးနွေးလို့ရတဲ့ နေရာတစ်ခုလိုမျိုးပေါ့နော်၊ ဦးခင်မောင်ဝင်း။

ဦး- ဟုတ်တာပေါ့ဗျာ။

မေ- ဒါဆို အားမာန် သိထားတာလေးကို အားမာန်မြင်တဲ့ထောင့်ကနေ ပြောမယ်နော်။ ဟိုးရှေးတုန်း ပေါ့ ခေတ်အဆက်ဆက်မှာ ရှိတဲ့ဘုရင်တွေက သူတို့စိတ်ထဲရှိတဲ့အတိုင်းလုပ်ကြတာလေ။ ကိုယ် စိတ်ကြိုက် ကိုယ်တိုင်ဆုံးဖြတ်ပြီး လုပ်တတ်ကြတယ်နော်။

ဦး- ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်ရောက်လာတဲ့အခါမှာတော့ ဒီလို အစည်းအဝေးကြီးကို နှစ်ဦးရဲ့ မတ်လဆန်းမှာ နှစ်စဉ်ကျင်းပလေ့ရှိတယ်။

မေ- ဟုတ်တယ်နော်။ အားမာန်သိသလောက်လေး ပြောရမယ်ဆိုရင် ဒီဘက်ခေတ်ရောက်လာ တော့တိုင်းပြည်ကိစ္စတွေကိုဆိုရင် အများပြည်သူတို့စဉ်းစားတဲ့ သဘောထားတွေ၊ ထင်မြင်ချက်တွေ ကိုအလေးထား ဆောင်ရွက်လာတာကို တွေ့ရတယ်နော်။ ဒါဟာဆိုရင်လည်း ဒီမိုကရေစီတိုးတက်မှု တစ်ခုပဲလို့ ပြောရင်ရမယ်နော်၊ ဦးခင်မောင်ဝင်း။

ဦး- ဟုတ်တယ်၊ ပြောလို့ရတာပေါ့ဗျာ။

မေ- နောက်ပြီး အားမာန်သိထားတာက အဲဒိ အစည်းအဝေးကြီးရဲ့ဖွင့်ပွဲမှာ ၀န်ကြီးချုပ်ဝင်ကျားပေါင်ရဲ့ အစိုးရလုပ်ငန်းအပေါ် အစီရင်ခံစာဖတ်တာကိုက အချိန် ၂ နာရီလောက် ကြာတယ်လို့ထင်တယ်ရှင်။

ဦး- ဟုတ်တာပေါ့။ ၀န်ကြီးချုပ်က အဲဒိ အစိုးရလုပ်ငန်း အစီရင်ခံစာနဲ့ ပတ်သက်ပြီး အကြံပြုချက် တောင်းတဲ့အခါ ပြည်သူလူထုနေထိုင်မှု တိုးမြင့်ရေးကို အလေးထားတယ်။

မေ- ဟုတ်ကဲ့၊ အားမာန် မေးချင်တာလေးလည်း မေးပါရစေဦးရှင်။ ဒီအစည်းအဝေးကြီးမှာ သတင်း ထောက်တွေလာမယ်လေ။ ဘယ်က သတင်းထောက်တွေ လာလေ့ရှိသလဲရှင်။

ဦး- ဟုတ်ကဲ့၊ ဟောင်ကောင်၊ထိုင်ဝမ်စတဲ့ သတင်းထောက်တော်တော်များများ လာလေ့ရှိကြပါတယ်

မေ- ဟုတ်ကဲ့ပါ။ ပြီးတော့လေ ၀န်ကြီးချုပ်တင်ပြလွှာက နိုင်ငံတော်နဲ့ပြည်သူတွေ အကျိုးရှိအောင် ဘာတွေလုပ်ဆိုတာတွေကို အသေးစိတ် အစီရင်ခံထားတယ်နော်။ ဒါဆို နိုင်ငံတော်အစိုးရရဲ့ လုပ် ငန်းဆောင်တာတွေကို ပြည်သူတွေအသေးစိတ်သိရတယ်လေ။ ပြီးတော့ပါတီရဲ့ဦးဆောင်မှုတွေ၊ အကောင်အထည်ဖော်မှုတွေကို သိရလို့လည်း အများကြီး တန်ဖိုးရှိတယ်လို့ ထင်တယ်ရှင်။

ဦး- ဟုတ်ပါတယ်။ ၀န်ကြီးချုပ်ပြောထားတာက တိုးတက်မှုအတွက် အခက်အခဲဆိုတာကတော့ ရှိနေမှာပဲ။ဒါပေမဲ့တရုတ်နိုင်ငံကတော့ ဖွံ့ဖြိုးတိုးတက်သွားအောင် လုပ်ဆောင်နေမှာ ဖြစ်သလို၊ တိုးတက်နေတာလည်း မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်တဲ့။

မေ- ဟုတ်တယ်နော်။ တရုတ်နိုင်ငံက ကုန်ထုတ်လုပ်မှုပြည်ပပို့ကုန်တိုးမြှင့်ဖို့၊ အင်အားကြီးနိုင်ငံဖြစ် လာဖို့ နိုင်ငံအနာဂတ်အတွက် ဆက်လက်ဆောင်ရွက်သွားမယ်တဲ့နော်။ ဒါကြောင့် တရုတ်ပြည်က အတိုးတက်ဆုံး၊ ထိပ်တန်းရောက်မယ်လို့ ထင်တယ်ရှင်။ ပြီးတော့ တရုတ်နိုင်ငံက ကိုယ့်နည်းကိုယ့် ဟန်နဲ့ အကောင်းဆုံးတွေကိုလုပ်ဆောင်နေတယ်နော်။

ဦး- ဒါနဲ့ () သတိထားမိတာ တစ်ခုရှိလားဗျာ။

မေ- ဘာများလည်း ဦးခင်မောင်ဝင်းရယ်။

ဦး- အော ဒီလိုပါဗျာ။ တရုတ်ပြည်ရဲ့ မြို့ပတ်လမ်းကြီး ( ၆ ) လမ်း ရှိတယ်လေ။ အဲဒိထဲကမှ ဒုတိယ မြို့ပတ် လမ်းကြီးကတော့ မြို့လယ်ခေါင်မှာ ရှိတာပေါ့၊ ပြီးတော့ အဲဒိ မြို့လယ်ခေါင်မှာ ရှိတဲ့ ဟိုတယ် တွေမှာ သူတို့တည်းကြတယ်လေ။

မေ- ဟုတ်တယ်၊ အားမာန်လည်း သတိထားမိတာ တစ်ခုကိုပြောဦးမယ်နော်။ အဲဒိ ကွန်ဂရက်ကြီးက နေ့တိုင်း ပြည်သူ့ခန်းမဆောင်ကြီးမှာ ကျင်းပတာ မဟုတ်ဘဲ၊ ကိုယ်စားလှယ်တွေ တည်းတဲ့ ဟိုတယ် မှာပဲ လုပ်တာဆို။ ဖွင့်ပွဲနဲ့ ပိတ်ပွဲပဲ ပြည်သူ့ခန်းမဆောင်ကြီးမှာ လုပ်တယ်ဆို ဦးခင်မောင်ဝင်း။

ဦး- ဟုတ်တယ်ဗျ၊ ဒါကြောင့် မြို့လယ်ခေါင်မှာ ဒီရက်ပိုင်းတော်တော်လေး စည်ကားနေတယ်။

မေ- ဟုတ်တယ်၊ အားမာန်ကြားထားတာကလည်း အခု မြို့ပြင်မှာနေတဲ့သူတွေက ကာဌားစီးရတာ တော်တော်လေး လွယ်နေတယ်တဲ့လေ။ ဘာလို့ဆိုတော့ အစတုန်းကဆို ကားသမားတွေက မြို့ပြင် ဆိုမလိုက်ချင်ဘူးလေ။ အခုဆိုရင် မြို့လယ်ခေါင်သွားရင် ကားတွေကော၊လူတွေကောကြပ်နေတာ မို့အချိန်လည်းကုန်၊ လူလည်းပင်ပန်း၊ ပိုက်ဆံလည်း ထင်သလောက်မရကြဘူးဆိုတော့ မြို့ထဲသွား ဖို့ထက် မြို့ပြင်ကိုပဲ သွားတော့တာလေ။ နောက်ပြီး မြေအောက်ရထားမှာဆိုလည်း လူတွေနည်း နေတယ်ဆို ဦးခင်မောင်ဝင်း။

ဟုတ်ကဲ့ပါ၊သောတရှင်တို့ရေ အခုတစ်ပတ်အားမာန်တို့ ရထားတဲ့အစီအစဉ်လေးကလည် စေ့သွား ပြန်တာမို့ ဒီမျှနဲ့ ရပ်နားလိုက်ပါရစေရှင်။ သောတရှင်များအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ကျွန်မ မေအားမာန်က ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။