ပန်းပေါင်းစုံဖူးပွင့်ဝေဆာ၊ပီကင်းမြေမှာ

(GMT+08:00)2017-12-15 16:28:13  CRI

ပန်းပေါင်းစုံဖူးပွင့်ဝေဆာ၊ပီကင်းမြေမှာ

မေအားမာန်- သောတရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာတော်မူကြပါစေလို့ ကျွန်မ မေအားမာန်က နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာညချမ်းလေးပါခင်ဗျာ။

မေ- အခုတစ်ပတ်တော့ အားမာန်တို့က သောတရှင်တွေကို ပီကင်းမှာ ပန်းပေါင်းစုံဝေေ၀ဆာဆာ ဖူးပွင့်နေတဲ့အကြောင်းကို ပြောပြပေးချင်တယ် ဦးခင်မောင်ဝင်းရေ။

ဦး- ကောင်းလိုက်တာဗျာ။ အခုလို နွေဦးရာသီကုန်ခါးနီး နွေရာသီရောက်လုလုအချိန်လေးကတော့ ပီကင်းရဲ့အကောင်းဆုံးရာသီချိန်ခါလေးလို့ ပြောရမှာ မဟုတ်လားဗျာ။

မေ- ဟုတ်တာပေါ့ရှင်။ ဆောင်းတွင်းတုန်းက အိမ်တွင်းပုန်းနေရတာသလောက်၊ အခုချိန်ဆို ပန်းခြံ တွေ၊ ဈေးတွေ၊ တိရိစ္ဆာန်ရုံ၊ ရုပ်ရှင်ရုံတွေစတဲ့ နေရာတိုင်းလိုလိုမှာ လူတွေစည်ကားနေတာမဟုတ် လားရှင်။

ဦး- ဟုတ်ပါတယ်။ ကျွန်တော်တို့မိသားစုလည်း ဒီတလောလေးမှာ ပန်းခြံထဲသွားပြီး အပန်းဖြေခဲ့ သေးတယ်ဗျာ။

မေ- အော၊ဟုတ်လားရှင်။ ဒါဆိုအားမာန်နဲ့အတူ သောတရှင်တွေလည်း သိရအောင်ပြောပါဦးနော်။

ဦး- ကျွန်တော်သွားခဲ့တဲ့ ပန်းခြံကတော့ ----

မေ- ဟုတ်ကဲ့၊ဒါဆို ဦးခင်မောင်ဝင်းတို့က မြိုင်လည်ဗွေခရီးထွက်ခြင်းပေါ့နော်။ အဲလိုဒီရာသီရောက် ပြီဆို သဘာဝရှူခင်းတွေကြည့်ကြ၊ အပန်းဖြေအနားယူကြလုပ်လေ့ရှိတာ ချင် မင်းဆက်ခေတ် ကတည်းက လုပ်ခဲ့ကြတယ်ဆို၊ အဲခေတ်အဲအခါတုန်းကဆို မိန်းကလေးတွေက ပန်းခြံတွေထဲမှာ ဒန်းတွေစီးကြတယ်၊ ယောကျာ်လေးတွေကဆို ဘောလုံးကန်လေ့ရှိကြတယ်လို့ အားမာန်ကြားဖူး တယ်ရှင်။

ဦး- ဟုတ်တယ်ဗျ၊ တရုတ်ပြည်ဟာ အခုလိုနွေဦးရာသီရဲ့ အလယ်ပိုင်းဆိုရင် တောတောင်သဘာဝ ရှုခင်းတွေကိုခံစားတတ်ကြတယ်၊ ပြီးတော့ ခရီးထွက်လေ့လည်းရှိတယ်လေ၊ အဲလိုခရီးသည်တွေက ထောင်ချီပြီးရှိကြတယ်လေ။

မေ- အင်းနော်။ အားမာန်ကြားဖူးတာက တရုတ်ပြည်မှာလည်း အခုလို ရာသီမှာအလည်အပတ် မထွက်၊ တောတောင်ရေမြေရဲ့သဘာဝအလှအပတွေကိုမခံစားတဲ့သူတွေကို ဆိုရင် လူထုံလူအတွေ လို့တောင် ကဗျာထဲစာထဲ ထည့်ရေးတတ်ကြတယ်ဆို၊ ပြီးတော့ တရုတ်လူမျိုးတွေကတဲ့ ဟိုးရှေးရှေး ကတည်းက အပန်းဖြေခရီးထွက်တာကို တော်တော်လေး ၀ါသနာကြီးတယ်လို့လည်း ကြားဖူးတယ်၊ အပျင်းပြေ၊အညောင်းပြေ၊အညာပြေ လမ်းတွေလည်းလျှောက်တတ်ကြတယ် မဟုတ်လား။

ဦး- ဟုတ်တယ်လေ။ ကျွန်တော် မြန်မာပြည်မှာ စာသင်တုန်းကဆိုလည်း နွေရာသီရဲ့ ညနေစောင်း မှာဆိုရင် လမ်းလျှောက်ထွက်လေ့ရှိတယ်ဗျာ။

မေ- ကောင်းတာပေါ့ရှင်၊ အားမာန်လည်း ဒီရာသီမှာတော့ တစ်ခါတစ်လေ လမ်းလျှောက်ထွက်လေ့  ရှိပါတယ်။ပြီးတော့အားမာန်တွေ့ဖူးတာလေး တစ်ခုလေ အဲဒါလေးကို ပြောချင်သေးတယ်။ ဘာလဲ ဆိုတော့ ဒီရာသီမှာ စွန်လွှတ်တာလည်း တွေဖူးလို့လေ။ အဲလိုဆိုရင် အားမာန်က မြန်မာပြည်ကို ပိုပြီးသတိရမိတယ်။ ဒါပေမဲ့ စွန်ပုံစံချင်းကတော့ နည်းနည်းကွာတယ်နော်။

ဦး- ဟုတ်တယ်၊ အဲလို စွန်လွှတ်တဲ့ အကြောင်းလေးကိုလည်း ကျွန်တော်ပြောပြချင်သေးတယ်။ ဒီလို ပါ၊ စွန်လွှတ်တယ်ဆို ဟိုးအမြင့်ဆုံးကိုရောက်အောင် လွှတ်တတ်ကြတာမဟုတ်လားဗျာ၊ အဲလို အမြင့်ဆုံးရောက်သွားပြီဆိုရင် ကြိုးကိုဖြတ်ပစ်လိုက်တတ်ကြတယ်၊ အဲဒီလို ဘာလို့လုပ်တာလဲဆို တာက အကြောင်းရှိတယ်။ အဲလိုလုပ်တာဟာတဲ့ ဒီနှစ်၊ဒီရာသီကစပြီး စိတ်သစ်လူသစ်ပြန်ဖြစ်ချင် လို့တဲ့၊ အဲလိုလုပ်တာဟာ နိမိတ်ကောင်းယူတဲ့သဘောလည်း ဖြစ်တယ်တဲ့လေ၊

မေ- ဟုတ်ကဲ့ပါ၊ အင်း အားမာန်ထင်တာက အခုလိုရာသီက တရုတ်ပြည်ရဲ့ ရာသီလေးပါးထဲက အကောင်းဆုံး၊အသာယာဆုံးဖြစ်သလို၊ ပူလည်းမပူ၊အေးလည်းမအေးဘူးလေ၊ ပြီးတော့ သစ်ပင်၊ ပန်းပင်တွေက စိမ်းစိမ်းလန်းလန်းနဲ့ စိုပြေနေတယ်၊ ပြီးတော့ ပန်းပေါင်းစုံတွေကလည်း နေရာတိုင်း မှာဝေေ၀ဆာဆာ ပွင့်လန်းနေတယ်၊ လမ်းဘေးမှာဆိုလည်း အရောင်အသွေးစုံလင်လှတဲ့ ပန်းပေါင်း စုံကို အလှစိုက်ထားတယ်၊ ဒါကြောင့်အခုလိုရာသီဟာ ပန်းပေါင်းစုံနဲ့ စိမ်းလန်းစိုပြေပြီး သာယာလှပ နေသလို၊ ပန်းရနံ့တွေကလည်း ပတ်ဝန်းကျင်တစ်ခွင်တပြင်လုံး မွှေးကြိုင်ထုံသင်းနေတယ် ဆိုတဲ့ အကြောင်းလေး ပြောရင်း သောတရှင်များလည်း အားမာန်တို့လိုပဲ ပီးကင်းရဲ့အလှသဘာဝတွေကို ခံစားနားဆင်ရင်း ပျော်ရွှင်ချမ်းမြေ့ကြမယ်လို့ မျှော်လင့်ပါတယ်ရှင်၊

ဦး- ဟုတ်ကဲ့ပါ၊ သောတရှင်များဆီက ပေးပို့လာမယ့် စာလွှာလေးတွေကိုလည်း ကျွန်တော်တို့ စောင့် မျှော်နေကြပါလို့ ပြောကြားရင်း ဒီတစ်ပတ်အစီအစဉ်လေးကို ဒီမျှနဲ့ ရပ်နားလိုက်ပါရစေဗျာ။ သောတရှင်များ ပျော်ရွှင်သာယာမှုအပေါင်းနဲ့ ပြည့်စုံပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ပြောကြားရင်း နှုတ်ဆက်လိုက်ပါတယ်။