လွတ်လပ်ရေးရဲ့အရသာ

(GMT+08:00)2017-12-15 16:28:09  CRI

လွတ်လပ်ရေးရဲ့အရသာ

မေအားမာန်-အားမာန်ချစ်ခင်လေးစားရပါတဲ့ ချစ်ပရိသတ်ကြီးအားလုံး နှစ်သစ်မှာလိုတိုင်းရ၊တတိုင်း ပြည့်စုံမှုတွေ ရရှိပါစေလို့နှစ်သစ်နှစ်ဦးဆုမွန်ကောင်းများတောင်းလိုက်ရပါတယ်ရှင်။

ဦးခင်မောင်ဝင်း-သောတရှင်များမင်္ဂလာညချမ်းလေးပါခင်ဗျာ။

မေ- အားမာန်တို့ ပီကင်းရဲ့နှစ်သစ်ဦးအကြိုည မြင်ကွင်းလေးတွေအကြောင်းကို သောတရှင်တွေဝေ မျှခံစားလို့ရအောင် ပြောကြပါစို့လားရှင်။

ဦး- ကောင်းတာပေါ့ဗျာ။

မေ-ဒါဆို ဦးခင်မောင်ဝင်းက လူကြီးဆိုတော့ ဦးခင်မောင်ဝင်းစပြောလေနော်။ ဟိဟိ

ဦး- အခု အားမာန်တောင် စစ နောက်နောက်တွေလုပ်လာတတ်ပြီနော်။

မေ- အော၊ဦးခင်မောင်ဝင်းရယ် အပျော်ဆိုတာ လူတစ်ယောက်အတွက် အသက်ရှင်ဆေးမဟုတ်ပါ လားရှင်။ ဒါကြောင့်အားမာန်ကလေ နှစ်သစ်မှာအားမာန်နဲ့အတူ သောတရှင်တွေအားလုံး၊ကမ္ဘာ့ရွာ ကြီးမှာနေထိုင်ကြတဲ့ လူသားတွေအားလုံး ပျော်ရွှင်စေချင်တာက အားမာန်ရဲ့ ဆန္ဒအမှန်ပါရှင်။

ဦး- အင်မတန်မှ မွန်မြတ်တဲ့စိတ်ဆန္ဒလေးပါပဲဗျာ။ကျွန်တော်တော့ နှစ်သစ်အကြိုညလေးအကြောင်း ကိုပြောရမယ်ဆိုရင်တော့ မိသားစုနဲ့အတူ စာသောက်ပျော်ရွှင်စွာနဲ့ပဲ ကုန်လွန်သွားတယ်ဗျာ။

မေ- အားမာန်လည်းပြောဦးမယ်သိလား၊ အဲနေ့က အားမာန်ရုံးတက်ရတယ်လေ၊ပြီးတော့ အိမ်မှာပဲ ရုပ်ရှင်ကြည့်တယ်၊တီဗွီအစီအစဉ်တွေကို တစ်ခုပြီးတစ်ခုပြောင်းကြည့်တယ်၊ပြီးတော့ အင်တာနက် ကနေ အားမာန်ရဲ့မိသားစုနဲ့စကားပြောတယ်၊ အွန်လိုင်းပေါ်က သူငယ်ချင်းတွေနဲ့ စကြ၊နောက်ကြ တယ်၊ ဟောင်ကောင်မှာ မာစတာလာတက်နေတဲ့ အားမာန်သူငယ်ချင်းက သူလည်း အိမ်ထဲမှာပဲ နေပြီးတော့ တစ်ယောက်တည်းပဲ နှစ်သစ်ကူးအကြိုညကို ပျော်ရွှင်စွာဖြတ်သန်းမယ်၊ အားမာန် လည်း ညသန်းခေါင်အထိ မအိပ်ကြေးနော်၊ပြီးတော့ အဲဒိအချိန်ကို ရင်ခုန်စွာနဲ့စောင့်ရင်း count downလုပ်ကြမယ်၊ ပြီးတော့အားမာန်ကိုအိပ်ပျော်သွားမှာ စိုးလို့သူက ရုပ်ရှင်ကားတွေ တစ်ကားပြီး တစ်ကားပို့ပို့ပေးနေတယ်လေ၊ အားမာန်လည်း အဲညကတစ်ယောက်တည်းသာဆိုတယ် မအားရပါ ဘူးလေ၊ တီဗွီရှေ့ပြေးလိုက်၊ ကွန်ပျူတာရှေ့ပြေးလိုက်၊ဗိုက်ဆာလာလို့ စားဖို့ထလုပ်လိုက်နဲ့ အားကို မအားရပါဘူးလေ၊ အဲလိုမအားမှပဲလေနော်၊ မဟုတ်ရင်အိပ်ငိုက်တော့မှာလေ၊

ဒီတော့အားမာန်ကလည်း ဘယ်ရမလဲ နန်နင်းမှာရှိတဲ့ အားမာန်ရဲ့ အစ်မလိုခင်နေတဲ့သူကို အစ်မ လည်း မအိပ်နဲ့နော်၊ နှစ်သစ်ကို ပျော်ရွှင်စွာနဲ့ ကြိုကြမယ်၊ဘာညာချွဲပြီးပြောလိုက်တယ်၊ အဲအစ်မ ကလေတကယ်တော့ သူဝါသနာမပါဘူးတဲ့၊ ဒါပေမဲ့သူနေတော့နေကြည့်မယ်တဲ့ အိပ်ချင်လာတဲ့အ ဆုံးတော့ အိပ်ပလိုက်မှာပဲတဲ့ အားမာန်စိတ်ကိုမရိုးမရွဖြစ်အောင် ပြောတယ်သိလား၊ ဒါပေမဲ့လေ အဲမမကသိပ်ချစ်ဖို့ကောင်းတာပဲ ၁၂နာရီကျော်တဲ့အထိမအိပ်ဘဲနေတယ်လေ၊ အားမာန်တို့နဲ့အတူ နှစ်သစ်ကို ကြိုဆိုကြတယ်ရှင်၊အားမာန်တို့အားလုံးက ရေခြားမြေခြားမှာနေကြရတဲ့သူတွေဆိုတော့ အားလုံးက မိသားစုကိုလွမ်းနေတဲ့စိတ်လေးတွေကို ဒီလိုပဲကြိုးစားပြီး ဖြေဖျောက်ရတော့တာပဲလေ။

ဦး- ဒါနဲ့ အားမာန်ရေ တစ်နေ့ကဘာနေ့လည်းဆိုတာ သိမှာပါနော်။

မေ-အောင် ဦးခင်မောင်ဝင်းက အားမာန်ကို မေ့ပင်အောက်ရောက်နေတဲ့သူလိုများ ထင်နေတာလား၊

အားမာန်ကလေ ဘယ်နေရာဘယ်ဒေသရောက်ရောက် ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးတွေရဲ့ လွတ်လပ်မှု အရသာတွေ ပြန်လည်ခံစားခဲ့ရတဲ့ နေ့ကိုတော့ ဘယ်မေ့နိုင်ပါ့မလဲရှင်။ လွတ်လပ်ရေးနေ့တို့မမေ့လို့ ငယ်တုန်းကအားမာန်တို့ ခဏခဏ ဆိုခဲ့တယ်လေ၊အဲထဲကကို ရင်ထဲအသည်းထဲမှာ သံမှိုနဲ့ရိုက်စရာ မလိုဘဲ စွဲနေအောင် မှတ်မိနေတာပါရှင်၊

ဦး- အော ဒါနဲ့ တရုတ်ပြည်အနေနဲ့လည်း မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အတွက် နိုင်ငံခေါင်းဆောင် တွေက သက်ဆိုင်ရာကို လွတ်လပ်ရေးနေ့ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာတွေ ပေးပို့ကြတယ် မဟုတ်လားဗျာ။

မေ- ဟုတ်ပါတယ်ရှင်၊ တရုတ်-မြန်မာဆိုတာက ရှေးနှစ်ပေါင်းများစွာတည်းက ဆွေမျိုးသားချင်းလို နေထိုင်ဆက်ဆံခဲ့တဲ့နိုင်ငံတွေပဲလေ။ ဦးခင်မောင်ဝင်းကို အားမာန်တစ်ခုမေးရဦးမယ်သိလား။

ဦး- ဘာများလည်းဗျာ၊ တစ်ခုမဟုတ်ပါဘူး၊ ကြိုက်သလောက်သာမေး၊

မေ- ဒီလို ဦးခင်မောင်ဝင်းရဲ့ တရုတ်ပြည်မှာက လွတ်လပ်ရေးနေ့နဲ့ အမျိုးသားနေ့က တစ်နေ့တည်း နော်၊အဲဒါလေးကို သိချင်လို့မေးတာပါ။

ဦး- ဒါက ဒီလိုပါခင်ဗျာ။

မေ- အားမာန်တို့ ငယ်တုန်းကဆိုရင် လွတ်လပ်ရေးနေ့ ပျော်ပွဲရွင်ပွဲတွေဆို သိပ်ပျော်တာပဲရှင်၊ အဲနေ့ ရောက်ရင်ကလေးသဘာဝ ကစားလိုက်၊မုန့်စားလိုက်ဆိုတော့ မောရမှန်းကို မသိပါဘူး၊ တစ်နေ့လုံး ပျော်နေတော့တာပဲလေ၊ နေရာဒေသအလိုက်၊ ရပ်ကွက်အလိုက် ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတာ မဟုတ်လား၊ အားမာန်မမေ့နိုင်တဲ့ ပွဲလေးတစ်ခု အကြောင်းကိုပြောပြမယ်နော်။

အားမာန်တို့ ငယ်တုန်းတဲ့နေခဲ့တဲ့ ရပ်ကွက်ရဲ့ပွဲတစ်ပွဲမှာ အားမာန်ရဲ့ မမလေးက ကြက်ဖခွပ်ဝင်ပြိုင် တယ်လေ၊ ကြက်ဖခွပ်တယ် ဆိုတာ မဆန်းပေမဲ့၊ မလေးရဲ့ ဇွဲကြီးတဲ့စိတ်ကို ပြောချင်တာပါ၊ သူက ရင်ကြပ်ရောဂါအခံရှိတယ်၊ ဒါပေမဲ့အဲပွဲကို ၀င်ပြိုင်တယ်၊ အဲပွဲမှာ မလေးနဲ့အတူခွပ်တဲ့သူကလည်း တော်တော်ဇွဲကြီးတာ၊ သူတို့ခွပ်တဲ့ပွဲ တော်တော်နဲ့ မပြီးနိုင်ဘူး၊ သာမာန်ဆိုရင် တစ်ပွဲဆို ဆယ့်ငါးမိ နစ်၊မိနစ် ၂၀ လောက်ပေါ့နော်၊ အကြာဆုံးကမှ နာရီဝက်လောက်ပေါ့၊ သူတို့ ၂ ယောက်ခွပ်လိုက်ကြ တာ တစ်နာရီကျော်လောက်ကြာတယ်၊ သူတို့ကိုကြည့်တော့ တော်တော်လေး မောနေတဲ့ပုံတွေပေါ် နေပေမဲ့ ၂ယောက်လုံးကလုံးဝ အခွပ်မရပ်ကြဘူးလေ၊ ဒါနဲ့အဲပွဲမှာ သူတို့အတွဲက နာမည်ကြီးသွား တယ်၊ အဲသတင်းက မေမေလည်း သိသွားရော၊ အမြန်လိုက်လာပြီး သမီးရယ်တော်ပါတော့ မောနေ မယ်၊ ရပ်လိုက်တော့ ရပ်လိုက်တော့ အော်ပြောနေတယ်၊ အဲတော့ဒိုင်လူကြီးဖြစ်သူက ဒီကလေးတွေ ကိုဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီးစဉ်းစားရတော့တာပေါ့၊ အားမာန်ရဲ့ မမလေးကို လက်ထောက်တယ် ဆိုပြီး တစ်ဖက်ကမလေးရဲ့ ပြိုင်ဘက်ကို အနိုင်ပေးပြီး ပွဲသိမ်းလိုက်ရတယ်လေ၊ တကယ်တော့ မလေးက လက်ထောက်တာ မဟုတ်ပါဘူး၊ လက်လွှဲရင်းနဲ့ လက်ကမြေကြီးကို ထိသလိုဖြစ်သွားတာ ကိုဒိုင်က အဲလိုဆုံးဖြတ်လိုက်တာလေ၊ ဒိုင်ကအဲလိုဘာလို့ ဆုံးဖြတ်လိုက်ရတာလည်းဆိုရင် ဒိုင်က အားမာန်တို့ဖေဖေဖြစ်နေလို့ပါ၊ မေမေလိုက်လာပြီး မလေးအတွက်စိုးရိမ်နေတာကို ဖေဖေကမကြည့် ရက်နိုင်တော့ဘူး၊ မိန်းမနဲ့သမီးကို စိတ်ချမ်းသာအောင် လုပ်ပေးလိုက်ရတော့တာပါပဲလေ၊

ဦး- ကျွန်တော်တို့ အောင်လံမှာဆိုလည်း လွလ်လပ်ရေးနေ့ပျော်ပွဲ၊ရွှင်ပွဲတွေ ကျင်းပလေ့ရှိတယ်။

မေ- လွတ်လပ်မှုအရသာဆိုတာ အရမ်းကိုတန်ဖိုးရှိတာကို မျိုးဆက်သစ်လူငယ်လေးတွေကို ဆက် လက်ထိန်းသိမ်းဖို့ ပြောပေးရမယ်၊တိုက်တွန်းပေးရမယ့်တာဝန်က အားမာန်တို့လိုလူကြီးတွေမှာရှိ တာမို့ နည်းနည်းပြောပါရစေရှင်။ ဖိနှိပ်ခံရတဲ့ အရသာကို မကြုံဘူးသေးတဲ့ မျိုးဆက်သစ်လူငယ်တွေ အတွက် လွတ်လပ်ခြင်းအရသာကို အလေးမထားတတ်မှာကို စိုးရိမ်မိတယ်၊ ပြီးတော့ ဆက်လက် ထိန်းသိမ်းဖို့သင့်တယ်ဆိုတာကိုလေးတွေကို လေလှိုင်းကတဆင့်ပြောချင်ပါတယ်ရှင်၊

ဦး- သိပ်ကောင်းတဲ့ စကားလေးပါပဲဗျာ။

မေ- အခုတစ်ပတ်အားမာန်တို့ အစီအစဉ်ကို ဒီမျှနဲ့ပဲရပ်နားလိုက်ပါရစေရှင်၊သောတရှင်များ မင်္ဂလာရှိ ပြီးအေးချမ်းသာယာမှုအပေါင်းနဲ့ပြည့်စုံတဲ့နှစ်ဖြစ်ပါစေလို့ ဆုတောင်းရင် နှုတ်ဆက်လိုက်ပါတယ်ရှင်။