ညှိနှိုင်းဆွေးနွေးခြင်းသည် မလေးရှားနှင့် စင်ကာပူအကြားရှိ လေကြောင်း စီမံခန့်ခွဲပိုင်ခွင့် ပြဿနာကို ဖြေရှင်းရန် ထွက်ပေါက်ဖြစ်

CRI2018-12-19 15:05:35

မကြာခင်က မလေးရှား အစိုးရ အရာရှိ တစ်ဦးက မလေးရှားနှင့် စင်ကာပူ နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံ အကြားရှိ လေကြောင်းပိုင်နက်နှင့် ရေကြောင်းပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ လာမည့်နှစ် ဇန်နဝါရီလတွင် ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ထို့နောက် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ရာ ဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ အကြားရှိ အငြင်းပွားမှုကို ဖြေရှင်းပြီး ဘက်အသီးသီးတို့ လက်ခံနိုင်ကြသော ဖြေရှင်းရေး နည်းလမ်း ရရှိရန် မျှော်လင့်ကြောင်း ပြောကြားသည်။

မလေးရှား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး လူကျောက်ဖူက ၄င်းဆွေးနွေးပွဲတွင် စင်ကာပူ Seletarလေဆိပ်၏ လေယာဉ် ဆင်းသက်မှု အစီအစဉ် ပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

Not Found!(404)