အင်ဒို လေယာဉ် ပျက်ကျမှု ဖြစ်ပွားသောအချိန်က မိုးလေဝဿသည် လေယာဉ်ပျံသန်းရန် မသင့်တော်ဟု အင်ဒို အစိုးရဆို

CRI2018-11-29 13:26:49

အင်ဒိုနီးရှား အစိုးရမှ စုံစမ်းလေ့လာရေး လုပ်ငန်းဌာနက လွန်ခဲ့သည့် အောက်တိုဘာလ လကုန်ပိုင်းက ပျက်ကျသည့် အင်ဒိုနီးရှား PT Lion Mentari Airlines လေကြောင်း ကုမ္ပဏီမှ ခရီးသည်တင် လေယာဉ် မပျံသန်းခင်က နည်းပညာ ပြဿနာ များစွာရှိကြောင်း၊ ထို့အပြင်၊ ထိုနေ့က မိုးလေဝဿသည် လေယာဉ်ပျံသန်းရန် မသင့်တော်ကြောင်းလည်း ယခုလ ၂၈ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

အင်ဒိုနီးရှား အမျိုးသား လမ်းပန်းဆက်သွယ်မှု လုံခြုံရေး ကော်မတီမှ ယခုလ ၂၈ရက်နေ့က ဂျာကာတာတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ ၄င်းခရီးသည်တင် လေယာဉ် ပျက်ကျမှု၏ ပဏာမ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း၊ ကော်မတီမှ လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဌာနမှ တာဝန်ခံ တစ်ဦးက PT Lion Mentari Airlines လေကြောင်း ကုမ္ပဏီသည် ၄င်းလေယာဉ်ရှိ နည်းပညာ ပြဿနာများကို လုံးဝ မဖြေရှင်းရသေးသည့် အခြေအနေမျိုးတွင် ၄င်းလေယာဉ်ကို ပျံသန်းရန် ခွင့်ပြုခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ဒေသ စံတော်ချိန် လွန်ခဲ့သည့် အောက်တိုဘာလ ၂၉ရက်နေ့ နံနက် ၆နာရီ မိနစ်၂၀ အချိန်က အင်ဒိုနီးရှား PT Lion Mentari Airlines လေကြောင်း ကုမ္ပဏီမှ ခရီးသည်တင် လေယာဉ် တစ်စင်းသည် ဂျာကာတာမှ ပျံသန်းသည့် ၁၃မိနစ် အကြာတွင် အချက်ပြ မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း၊ ထို့နောက် ၄င်းလေယာဉ်သည် ပင်လယ်ထဲသို့ ပျက်ကျခဲ့သည်ဟု အတည်ပြုခဲ့ကြောင်း၊ လေယာဉ်ပေါ်တွင် ခရီးသည် ၁၈၁ဦးနှင့် လေယာဉ် အမှုထမ်း ၈ဦးရှိကြောင်း သတင်းအရ သိရသည်။

 

Not Found!(404)