သက်ကြီးရွယ်အို ဦးရေ တိုးလာခြင်း ပြဿနာ စင်ကာပူ ရင်ဆိုင်နေရ

CRI2018-09-27 15:14:08

စင်ကာပူ ပညာရေး ဝန်ကြီး ဝမ်ယီခန်းသည် မကြာခင်က တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော စင်ကာပူ ထိပ်သီး အစည်းအဝေးတွင် စင်ကာပူ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၄ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းစီမံကိန်း ၄ရပ်တွင် စင်ကာပူကို ဆက်လက် တည်ဆောက်ရေး၊ စီးပွားရေး တွန်းအားပေးမှုသစ်ကို ဖော်ထုတ်ခြင်း၊ သက်ကြီးရွယ်အိုများကို ကျားကန်ပေးခြင်းနှင့် ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး ပါဝင်ကြောင်း သိရသည်။

ဝမ်ယီခန်းက စင်ကာပူ နိုင်ငံသည် သဘာဝ သယံဇာတနှင့် ကုန်းတွင်းပိုင်း ဒေသ သိပ်မရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်၍ အမြင်ကျဉ်းသည့် မူဝါဒ ချမှတ်ခြင်း မရှိသင့်ဘဲ ရေရှည် စီမံကန်းချမှတ်ရေးကို အလေးထားရန် လိုအပ်ကြောင်း ပြောကြားသည်။

သက်ကြီးရွယ်အို ဦးရေ တိုးလာခြင်းသည် စင်ကာပူ ရင်ဆိုင်နေရသော အဓိက ပြဿနာ ဖြစ်ကြောင်း၊ ၄င်းပြဿနာကို ဖြေရှင်းရေး အတွက် အရင်းခံ နည်းလမ်းမှာ သားဖွားနှုန်း တိုးမြှင့်ရန်ပင် ဖြစ်ကြောင်း၊ စင်ကာပူ အစိုးရသည် လူငယ်များအား ပိုမိုစောလျင်စွာ လက်ထပ်၊ သားဖွားရန်နှင့် ပိုမိုများပြားစွာ သားဖွားရန် အားပေး ထောက်ခံရေးအတွက် သက်ဆိုင်ရာ မူဝါဒနှင့် ဆောင်ရွက်ချက်များကို ချမှတ်ကျင့်သုံး နေကြောင်းလည်း သိရသည်။

Not Found!(404)