လာအို နိုင်ငံခြားရေး ဝန်ကြီး စာလွမ်ဆေ ကွန်မာစီက ယခုလ ၇ရက်နေ့က ဗီယင်ကျန်းမြို့တော်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ အာတာပူပြည်နယ်ရှိ ဘေးသင့်ရာဒေသတွင် ထုတ်လုပ်မှုနှင့် နေထိုင်မှု အမြန်ဆုံး ပုံမှန်ပြန်ဖြစ်စေရေး အတွက် လာအို အစိုးရသည် လောလောဆယ်၊ တာလတ်နှင့် ရေရှည် စီမံကိန်းများကို ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။