ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အတွက် အင်ဒိုနီးရှားသည် စီမံအုပ်ချုပ်ရေး အစီအစဉ် လွယ်ကူစေရေး လုပ်ငန်း ဆောင်ရွက်

CRI2018-07-30 14:51:34

မကြာခင်က အင်ဒိုနီးရှား အစိုးရသည် ကုမ္ပဏီ လုပ်ကိုင်ရေး လိုင်စင် စီမံခန့်ခွဲရေး အတွက် တစ်ပြည်လုံးတွင် တစ်ခုတည်းသော အင်တာနက် လျှောက်ထားရေး စနစ်ကို တရားဝင် အသုံးပြုခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ ကုမ္ပဏီ လုပ်ကိုင်ဆောင်ရွက်ရေး လိုင်စင် ရရှိရန် လျှောက်ထားရေး အစီအစဉ်ကို တစ်ဆင့်တိုး လွယ်ကူစေပြီး ရင်းနှီးမြှပ်နှံရေး အခြေအနေကို ကောင်းမွန်စေရန် ဖြစ်ကြောင်း၊ ၄င်းဆောင်ရွက်ချက်သည် သက်ဆိုင်ရာ ဆောင်ရွက်ချက်များတွင် အရေးကြီးသည့် ဆောင်ရွက်ချက် တစ်ခု အပါအဝင် ဖြစ်ကြောင်း တရုတ်ပြည် စီးပွားရေး နေ့စဉ် သတင်းစာတွင် ဖော်ပြသည်။

အင်ဒိုနီးရှား စီးပွားရေး စီမံခန့်ခွဲမှု ဝန်ကြီးဌာန ဝန်ကြီး ဒါးမင်က လျှောက်ထားသူ များသည် မည်သည့် အချိန်နှင့် နေရာတွင် မဆို ၄င်းစနစ်ကို အသုံးပြုပြီး လျှောက်လွှာ တင်နိုင်ကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား ဒုသမ္မတ ကာလာက အင်ဒိုနီးရှားသည် ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးမှု အဖြစ် အသုံးပြုပြီး  စီးပွားရေး တိုးနှုန်း ၆ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းအထိ ရှိနိုင်အောင်  အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း၊ သို့ဖြစ်၍ တစ်ပြည်လုံး အနေနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အတွက် အဆင်ပြေမှုများကို ဖန်တီးပေးရန် လိုအပ်ကြောင်း ပြောကြားသည်။ ရင်းနှီးမြှုပ်နှံရေး အပြင်၊ အင်ဒိုနီးရှား အစိုးရသည် ကုန်သွယ်ရေး နယ်ပယ်တွင် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေး အစီအစဉ် လွယ်ကူစေရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံရေး အခြေအနေ ကောင်းမွန်စေရေး အတွက် အင်ဒိုနီးရှား အစိုးရမှ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပိုမိုများပြားသော တရုတ် ကုမ္ပဏီများသည် အင်ဒိုနီးရှား ဈေးကွက် အပေါ် ပို၍ အာရုံစိုက်ပြီး ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးပွားစေကြောင်း သိရသည်။

Not Found!(404)