ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး စနစ် အတွက် အကျိုးပြု စွမ်းဆောင်မည်ဟု ဗီယက်နမ်ဆို

CRI2018-06-22 16:51:22

ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် ငုင်ချွန်ဖွတ်က မကြာခင်က ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် နဝမအကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက် ရေးစနစ်(CLMV) ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရာ ဗီယက်နမ် အနေနှင့် CLMV အတွက် အကျိုးပြု စွမ်းဆောင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊  ဗိယက်နမ်သည် ဗီယက်နမ်ရှိ ကုန်စည်ပြပွဲများတွင် အခြား၃နိုင်ငံများမှ ကုမ္ပဏီများအား ပါဝင်ရန် ကူညီပံ့ပိုးရေး၊ အွန်လိုင်း စီမံအုပ်ချုပ်ရေး စနစ် တည်ဆောက်ရေး၊ ဒီဂျစ်တယ် နည်းပညာ တိုးမြှင့်ရေး၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ ပညာတော်သင်များ အတွက် စကောလာရှစ် ပေးရေး စသည့် နယ်ပယ်များတွင် အဆိုပါ ၃နိုင်ငံ အတွက် ကူညီပံ့ပိုးမည် ဖြစ်ကြောင်း ပြောကြားသည်ဟု ဗီယက်နမ် သတင်းမှ ထုတ်ပြန်ချက်ကို ကိုးကား၍ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ယခုအကြိမ် ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ်မှာ "ပိုမိုနက်ရှိုင်းသော စီးပွားရေး ရောနှောပေါင်းစပ်ရေးနှင့် အပြန်အလှန် ဆက်သွယ်ရေး" ဖြစ်ကြောင်း သိရသည်။

 

404 Not Found

404 Not Found


nginx/1.26.1