မလေးရှား ကက်ဘိနက်အဖွဲ့သစ် ဖွဲ့စည်းတည်ထောင်

CRI2018-05-21 14:44:04

မလေးရှား ဝန်ကြီးချုပ် မာဟာသီယာသည် အဖွဲ့ဝင် ၁၄ဦး ပါဝင်သည့် ကက်ဘိနက် အဖွဲ့ဝင်များ အမည်စာရင်းကို ယခုလ ၁၈ရက်နေ့က ထုတ်ပြန်ပြီး အစိုးရသစ်၏ အဓိက ဝန်ကြီးဌာနများ၏ ဝန်ကြီးများကို အခြေခံ အားဖြင့် သတ်မှတ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခု ၄င်းအမည်စာရင်းကို နိုင်ငံတော် ထိပ်သီးခေါင်းဆောင်မှ ခွင့်ပြုခဲ့ကြောင်း၊ ကက်ဘိနက်အဖွဲ့သစ်သည် ယခုလ ၂၁ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်ကြောင်း၊ ၄င်းအမည်စာရင်းတွင် ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ ပြည်ထဲရေး ဝန်ကြီး၊ ပညာရေး ဝန်ကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး၊ အမျိုးသမီးနှင့် မိသားစု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး၊ စီးပွားရေး ဝန်ကြီး၊ အိမ်ရာနှင့် ဒေသန္တာရ အစိုးရ ဝန်ကြီး၊ ဘဏ္ဍာရေး ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဆက်သွယ်ရေးနှင့် မီဒီယာမျိုးစုံ ဝန်ကြီး၊ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးနှင့် ကျန်းမာရေး ဝန်ကြီး အပါအဝင် ဝန်ကြီးရားထူ ၁၅ခု ပါဝင်ပြီး ပုဂ္ဂိုလ်၁၄ဦး တာဝန် ထမ်းဆောင်ကြောင်း၊ ယင်းအနက် ဒုဝန်ကြီးချုပ် ဝမ် အာဇီဇာသည် အမျိုးသမီးနှင့် မိသားစု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး အဖြစ်လည်း တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ သို့သော် ၄င်းအမည်စာရင်း သည် မပြည့်စုံသေးကြောင်း၊ လွန်ခဲ့သည့် အကြိမ် အစိုးရမှ ထားရှိခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီး၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး၊ ခရီးသွား ဝန်ကြီးနှင့် ဝန်ကြီးချုပ်ရုံးဌာန ဝန်ကြီးစသည့် ဝန်ကြီးရာထူးနေရာများသည် လစ်လပ်နေသေးကြောင်း သိရသည်။

ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ပြီး ၉ရက်အတွင်း ကက်ဘိနက် အမည်စာရင်း ထုတ်ပြန်ခြင်းသည် အာဏာရ ညွန့်ပေါင်းအဖွဲ့ အတွင်းရှိ ပဋိပက္ခနှင့် အန္တရာယ်များကို အမြန်ဆုံး ပပျောက်စေပြီး စည်းလုံးညီညွတ်မှုနှင့် အာဏာကျင့်သုံးနိုင်စွမ်းကို တိုးမြှင့်ရန် မာဟာသီယာ၏ ဆန္ဒကို ဖော်ပြနေကြောင်း အကဲခတ်များက ယူဆကြသည်။

 

Not Found!(404)