1MDBဆိုင်ရာ စွဲချက်များကို ပြန်လည် စုံစမ်းမည်ဟု မာဟာသီယာဆို

CRI2018-05-15 14:49:40

မလေးရှား နိုင်ငံ ဝန်ကြီးချုပ် မာဟာသီယာက မိမိသည် ဝန်ကြီးချုပ် တာဝန် ကုန်ဆုံးခဲ့သည့် နာဂျစ်နှင့် ဇနီးတို့အား မလေးရှားမှ ထွက်ခွါရန် ပိတ်ပင်ထားကြောင်း ယခုလ ၁၂ရက်နေ့က အတည်ပြု ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရသည်။

မာဟာသီယာက အစိုးရသစ်သည် 1 Malaysia Development Berhad(1MDB)ကို ရည်စူးသော စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးမှု ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း၊ နာဂျစ် အနေဖြင့် အပြစ်ကျူးလွန်မှု ရှိပါက အရေးယူမည် ဖြစ်ကြောင်း ပြောကြားသည်။

ထိုနေ့နှောင်းပိုင်းတွင် နာဂျစ်က ကွာလာလန်ပူမြို့ရှိ မလေးရှား အမျိုးသား ပေါင်းစည်းရေး အဖွဲ့ပါတီ(UMNO) ဌာနချုပ်ရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ ယခုအကြိမ် အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ် အပေါ် တာဝန်ယူပြီး ယခင် အာဏာရ ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် အမျိုးသား တပ်ဦးနှင့် မလေးရှား အမျိုးသား ပေါင်းစည်းရေး အဖွဲ့ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ကြောင်း၊ မိမိနှင့် မိသားစုတို့သည် ၄င်းပိတ်ပင်ရေး အမိန့်ကို လေးစားပြီး မလေးရှားတွင် နေထိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

၂၀၀၉ခုနှစ်က နာဂျစ်သည် 1 Malaysia Development Berhadကို တည်ထောင်ပြီး 1MDBသည် မလေးရှား၏ နိုင်ငံတော် ရင်းနှီးမြှုပ်နှံရေး ဖောင်ဒေးရှင်း ဖြစ်ပြီး တစ်ခုတည်းသော အစုရှင်သည် မလေးရှား ဘဏ္ဍာရေး ဝန်ကြီးဌာန ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ခုနှစ်က ၄င်းဖောင်ဒေးရှင်းမှ အမေရိကန် ဒေါ်လာ သန်း၇၀၀ကို နာဂျစ်၏ ပုဂ္ဂလိက အကောင့်တွင် ဝင်ရောက် နိုင်ဖွယ်ရာရှိသည်ဟု အနောက်နိုင်ငံမှ မီဒီယာက ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၅ခုနှစ် ဇူလိုင်လက အမေရိကန် တရားရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာ ငွေရင်းများ ငွေကြေးခဝါချမှုရှိသည်ဟု သံသယရှိခြင်းဖြင့် အမေရိကန်တွင် ရှိသည့် 1MDB၏ အမေရိကန် ဒေါ်လာ ၁ဘီလီယံဖိုးရှိသော ငွေကြေးနှင့် ဥစ္စာပစ္စည်းများကို စစ်ဆေးပြီး ဖမ်းဆီးထိန်းချုပ်ထားခဲ့ကြောင်း၊ 1MDBနှင့် ပတ်သက်သော သတင်းဆိုးများ၏ မြားဦးတည်ရာသည် ဝန်ကြီးချုပ် နာဂျစ်ပင် ဖြစ်ကြောင်း သိရသည်။

Not Found!(404)