အိန္ဒိယ-အာဆီယံ ထိပ်သီးများ အစည်းအဝေး ကျင်းပ

CRI2018-01-27 16:41:51

အိန္ဒိယနှင့် အာဆီယံ အကြား ဆွေးနွေးရေး မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၂၅နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ်ပြုသည့် အနေဖြင့် အိန္ဒိယသည် အာဆီယံ ဆယ်နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များအား ယခုလ ၂၅ရက်နေ့တွင် နယူးဒေလီမြို့၌ ကျင်းပမည့် အိန္ဒိယ-အာဆီယံ ထိပ်သီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားကြောင်း၊ ထို့အပြင်၊ ၂၆ရက်နေ့တွင် ကျင်းပမည့် အိန္ဒိယ သမ္မတ နိုင်ငံနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ တက်ရောက်ရန်လည်း အာဆီယံ ထိပ်သီးခေါင်းဆောင်များအား ဖိတ်ကြား ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အိန္ဒိယမှ ဖိတ်ကြားချက်များဟာ အာဆီယံ အပေါ် အိန္ဒိယ၏ အလေးထားမှုကို ပြဆိုနေပြီး အိန္ဒိယ၏ "အရှေ့ဖက် စီမံကိန်း"နှင့် အိန္ဒိယ သမုဒ္ဒရာ မဟာဗျူဟာပါ ခံယူချက်များနှင့် ကိုက်ညီကြောင်း၊ အာဆီယံ အပေါ် အိန္ဒိယ၏ အလေးထားခြင်းတွင် စီးပွားရေး၊ သံတမန်ရေးနှင့် စစ်ရေး ၃ဘက်မှ စဉ်းစားချက်များ ပါဝင်ကြောင်း၊ သို့သော် နှစ်ဖက်တို့ အကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရန် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

ယခုအကြိမ် အိန္ဒိယ-အာဆီယံ ထိပ်သီးများ အစည်းအဝေးတွင် ပြပွဲများနှင့် ဖိုရမ်များ အပါအဝင် ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု လှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်ကြောင်း၊ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် အလည်အပတ် ရောက်ရှိလာသော အာဆီယံ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲများကို အသီးသီး ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ နေရူး တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာ အကယ်ဒမီ ဥက္ကဌ ဗာရတ်ရာဇတ်က အိန္ဒိယ၏ အထွေထွေ နိုင်ငံတော် အင်အားနှင့် နိုင်ငံတကာ သြဇာညောင်းမှု အဆက်မပြတ် တိုးပွားလာခြင်းသည် အိန္ဒိယ၏ အရှေ့အာရှ မူဝါဒ အဆက်အပြတ် တိုးမြှင့်စေကြောင်း၊ အာဆီယံသည် အရှေ့အာရှဒေသ အတွက် ကျားကန်ပေးချက် ဖြစ်ကြောင်း၊ အာဆီယံ ဆယ်နိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကောင်းမွန်စွာ ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် အိန္ဒိယသည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရေး အဆင့်ကို တိုးမြှင့်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

အာဆီယံနှင့် အိန္ဒိယ အကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အပေါ် အရှေ့တောင်အာရှမှ ပညာရှင်များက ချင့်ချင့်ချိန်ချိန် သဘောထားရှိကြောင်း၊ မြန်မာ မဟာဗျူဟာနှင့် နိုင်ငံတကာ သုတေသနဌာန အတွင်းရေးမှူးချုပ် ဦးခင်မောင်လင်း(U Khin Maung Lynn)က တရုတ်နှင့် အိန္ဒိယသည် အာဆီယံ အတွက် အရေးကြီးကြောင်း၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံ ၃ဘက် ဆက်ဆံမှု တည်ငြိမ်အဆင်ပြေပါက ဒေသတစ်ခုလုံးတွင် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံပေးနိုင်ကြောင်း ပြောကြားသည်။

 

Not Found!(404)