ယွိလုံးဆီးနှင်းတောင် မတ်စောက်လှပြီး လှပတင့်တယ်၊ တောင်းကြား မြူခိုးမြူနှင်း တလူလူဖြစ်

CRI2017-12-15 16:37:45

ယွိလုံးဆီးနှင်းတောင် မတ်စောက်လှပြီး လှပတင့်တယ်၊ တောင်းကြား မြူခိုးမြူနှင်း တလူလူဖြစ်

 

    လိကျန်းဒေသခံ နေထိုင်သူများသည် ယွိလုံးဆီးနှင်းတောင် အပေါ် လက်လွှတ်ရန် ခက်သော သံယောဇဉ် ထားရှိသည်။ "ယွိလုံး"သည် "နဂါးဖြူ"ဟု အဓိပ္ပါယ်ရသည်။ ယွိလုံးဆီးနှင်းတောင်သည် လိကျန်း အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး တောင်တန်း ၁၃ခုသည် နိမ့်ချည်မြင့်ချည် မပြတ်မလပ် ဆက်စပ်လျက်ရှိပြီး တစ်နှစ်ပတ်လုံး တောင်ထိပ် များပေါ် ဆီးနှင်းဖြူ ဖုံးလွှမ်းထားကာ ဖွေးဖွေးဖြူသည့် ဧရာမနဂါး တောင်ထိပ်ပေါ် လဲလျောင်းကဲ့သို့ပင် ဖြစ်၍ ယွိလုံးဆီးနှင်းတောင်ဟု ခေါ်ဝေါ်ကြသည်။ လိကျန်း ဒေသခံ တိုင်းရင်းသား ပြည်သူများသည် ယွိလုံးဆီးနှင်းတောင်ကို မွန်မြတ်သောတောင်တန်း တစ်ခု အဖြစ် သဘောထားကြသည်။ နာ့စီးလူမျိုး ကိုးကွယ်သည့် "စန်းတူ"ဟု အမည်တွင်သော နတ်ဒေဝသည် ယွိလုံးဆီးနှင်းတောင်၏ ရုပ်ပြောင်းရုပ်လဲ ဖြစ်သည်ဟု ၄င်းတို့ ထင်မြင်ကြ သည်။  

404 Not Found

404 Not Found


nginx/1.26.1