ဘာလီကျွန်း မီးတောင် အချိန်မရွေး ပေါက်ကွဲနိုင်ဖွယ်ရာရှိ၊ လေဆိပ် ယာယီ ပိတ်ထားသည့် အချိန် ၂၄နာရီ တိုးမြှင့်

CRI2017-11-28 16:23:05

    အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း အာဂွန်-မီးတောင် ပေါက်ကွဲခဲ့သော်လည်း ယခု အချိန်မရွေး နောက်တစ်ကြိမ် ပေါက်ကွဲနိုင်ဖွယ်ရာ ရှိနေသေးကြောင်း၊ အင်ဒိုနီးရှား မီးတောင်နှင့် သဘာဝဘေးအန္တရာယ် လျှော့ပေါ့ရေး စင်တာသည် ယခုလ ၂၇ရက်နေ့က ဘာလီကျွန်း အာဂွန်-မီးတောင် ဆိုင်ရာ လုံခြုံရေး စနစ်ကို အမြင့်ဆုံး အဆင့်အထိ တိုးမြှင့်ခဲ့ကြောင်း၊ အာဂွန်-မီးတောင် အကြိမ်ပေါင်းများစွာ ပေါက်ကွဲခဲ့သောကြောင့် ဘာလီကျွန်း ငူရာရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခုလ ၂၇ရက်နေ့ နံနက် ၇နာရီ ၁၅မိနစ်မှ ၂၄နာရီကြာ စတင် ယာယီ ပိတ်ထားပြီး ၂၈ရက်နေ့က ပိတ်ထားသည့် အချိန်ကို ၂၉ရက်နေ့ နံနက် ၇နာရီ အထိ ၂၄နာရီ တိုးမြှင့်မည်ဟု အင်ဒိုနီးရှား လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဌာနက ကြေညာကြောင်း စီအာအိုင် သတင်းအရ သိရသည်။

404 Not Found

404 Not Found


nginx