• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲသည် မြန်မာကုန်ပစ္စည်းများ တရုတ်ဈေးကွက်သို့ ဝင်ရောက်သော အခွင့်ကောင်းဖြစ်နိုင်ရန်မျှော်လင့်သည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်စီးပွား ရေးသံမှူးဆို

(GMT+08:00) 2018-11-11 11:01:31

ပထမအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို ရှမ်ဟိုင်းမြို့၌ ကျင်းပနေသည်။ ယခုအကြိမ်ပြပွဲသို့ တက်ရောက်သော မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးသံမှူးရှဲ့ကိုရှန်သည် စီအာအိုင်သတင်းထောက်နှင့်တွေ့ဆုံရာတွင် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲသည် မြန်မာကုန်ပစ္စည်းများ တရုတ်ဈေးကွက်သို့ ဝင်ရောက်သော အခွင့်ကောင်းဖြစ်နိုင်ရန်မျှော်လင့်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရသိရသည်။

ရှဲ့ကိုရှန်က ပထမအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကျင်းပခြင်းသည် တရုတ်နိုင်ငံ စီးပွားရေးညီမျှမှုကို ပိုမိုအလေးထား၍ ကြိုးပမ်းအားထုတ်မှုများကို ပြဆိုထားပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျယ်ပြန့်သော အသိအမှတ်ပြုမှုကို ရရှိခဲ့ကြောင်း ပြောကြားသည်။

   Webradio