• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချင်းမင်ပွဲတော်နေ့

(GMT+08:00) 2013-04-06 16:47:40

                                  

မေအားမာန်- သောတရှင်များ ကျန်းမာတော်မူကြပါစရှင်၊ ကျွန်မ မေအားမာန်ပါ။

မေကြော့ရှင်း- သောတရှင်များ မင်္ဂလာပါရှင်။

မေ- မကြော့ရေ၊ ဒီနေ့က တရုတ်ပြည်ရဲ့ နေ့ထူးနေ့မြတ်ထဲက တစ်နေ့မဟုတ်လားရှင်၊

ကြော့- ဟုတ်တယ် အားမာန်ရေ၊ ဘာနေ့လဲ ဆိုတာကိုကော သိတယ် မဟုတ်လား။

မေ- ဟုတ်ကဲ့၊ သိပါတယ်၊ ချင်းမင်ပွဲတော်နေ့လေ၊ ဒါပေမဲ့ မကြော့ရယ် အဲပွဲတော်နေ့ ဆိုတာကပဲ သိတာလေ၊ အဲပွဲတော်ရဲ့ အကြောင်းကိုသေချာသိတာတော့မဟုတ်ဘူး၊ ဒါကြောင့် အားမာန်က ဒီနေ့ အစီအစဉ်လေးမှာ အဲပွဲတော်အကြောင်းကို ပြောကြရင်ကောင်း မလားလို့။

ကြော့- အို သိပ်ကောင်းတာပေါ့၊ ချင်းမင်းပွဲတော်က ရှေးနှစ်ပေါင်းနှစ်ထောင်ကျော်တည်းက ကျင်းပခဲ့တဲ့ တရုတ်လူမျိုးတွေရဲ့ အလေးထားရတဲ့ ပွဲတော်ကြီးတစ်ပွဲဖြစ်တယ်၊ အဲပွဲတော်နေ့ က ခရစ်သက္ကရာဇ် ဧပြီလ ငါးရက်နေ့ ၀န်းကျင်လောက်မှာ ကျင်းပလေ့ရှိတယ်၊ပြီးတော့ အဲဒိ ပွဲတော်က ရာသီချိန် ၂၄ ချိန်ပွဲတော်တွေထဲက တစ်ခုလည်းဖြစ်တယ်။

မေ- မကြော့ ရာသီချိန် ၂၄ ချိန်ပွဲတော်တွေထဲက ပွဲတော်ဆိုလို့ အဲဒိရာသီချိန် ၂၄ ချိန် ပွဲတော်ဆိုတာကိုလည်း နည်းနည်း ပြောပြပေးဦးလေ။

ကြော့- ( မကြော့-----ရှင်းပြပေးပါ။)

မေ- အားမာန်ကြားဖူးတာက အဲဒိပွဲတော်ကို ရှေးတုန်းက ဆန်းယဲ့ပွဲတော်လို့လည်း ခေါ်တယ်ဆို..

ကြော့- ဟုတ်တယ်၊ အားမာန်ရဲ့၊ အဲပွဲတော်မှာကွယ်လွန်သွားပြီဖြစ်တဲ့ ဘိုး၊ဘွား၊ ဘီ၊ဘင် တွေရဲ့ အုတ်ဂူကိုသွားပြီး ပူဇော်ကန်တော့တဲ့ပွဲဖြစ်တယ်။

မေ- အောဟုတ်တယ်၊ အားမာန်တို့တွေက သင်္ချိုင်းကန်တော့ပွဲလို့ခေါ်ကြတယ်၊ အဲဒိအုတ်ဂူ တွေကို ကန်တော့တယ်ဆိုတဲ့ အသေးစိတ်လေးကိုလည်းပြောပြဦးလေ၊

ကြော့- အဲဒိအုတ်ဂူတွေကိုသန့်ရှင်းရေးလုပ်ပေးတယ်၊ ပြီးတော့ ပူဇော်ကန်တော့ကြတယ်။

မေ- အဲပွဲတော်က ဘယ်မင်းဆက်လောက်တည်းက ရှိခဲ့တာလဲ မကြော့ရယ်၊

ကြော့- ချင်မင်းဆက်၊ ဟန်မင်းဆက်တည်းက အဲဒိပွဲတော်က အရေးပါလာတဲ့ ပွဲတော်ဖြစ် တယ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘိုး၊ဘွားတွေကို သတိရ၊လွမ်းဆွတ်ပြီး မိသားစု၊ဆွေမျိုး၊ မိတ်ဆွေတွေက ညှိုးငယ်တဲ့စိတ်တွေနဲ့အတူတကွသွားပြီး ပူဇော်ကန်တော့ကြတာပေါ့။

မေ- အင်း၊ အဲဒိအချိန်က ဧပြီလလောက်ဆိုတော့ တရုတ်ပြည်မှာ ရာသီဥတုပူနေတဲ့ အချိန် ပေါ့နော်၊

ကြော့- ဟုတ်တယ်လေ၊ ဒါကြောင့်လယ်သမားတွေက အဲဒိအချိန်ရောက်ရင် လယ်ယာတွေ ကိုထွန်ယက်စိုက်ပျိုးကြတယ်လေ။ ထွန်ယက်စိုက်ပျိုးဖို့ အကောင်းဆုံး အချိန်ဖြစ်လို့ ချင်းမင် ၀န်းကျင် ဗူး၊ပဲမျိုးစုံစိုက်ပျိုးလျှင်၊ သစ်ပင်စိုက်လို့ သစ်တောပျိုးထောင် ချင်းမင်ချိန်ကိုမ ကျော်အောင် လို့စတဲ့ ဆိုစကားတွေရှိနေတယ်လေ။

မေ- ဟုတ်ကဲ့ပါ၊ နောက်တစ်ခု သိချင်သေးတာက အဲဒိချင်းမင်ပွဲတော်ရဲ့ ရှေ့တစ်ရက်က ပွဲတော်တစ်ခုနဲ့ နာမည်က ထမင်း၊ဟင်းအေးပွဲတော် ရှိသေးတယ်ဆို၊

ကြော့- ရှိပါတယ်၊ အဲပွဲတော်က ကျင်ဝမ်ကုန်းဘုရင်က ကျဲ့ဇီထွေးအတွက် ကြွေကွဲဝမ်းနည်း လွန်းလို့ အမှတ်တရလုပ်လေ့ရှိတဲ့ ပွဲတော်ပေါ့၊

မေ- ဘာလို့ ၀မ်းနည်းခဲ့ရတာလဲ ဆိုတာကိုပြောပြပါဦးနော်။ မကြော့။

ကြော့- ရှေးနှစ်ပေါင်း နှစ်ထောင်ကျော်တုန်းက ချွန်ချူမင်းဆက်ကာမှာပေါ့၊ ကျင်နိုင်ငံ အိမ်ရှေ့မင်းသား ချုံအာဟာ နန်းတွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အချိန်အတွင်း နေထိုင်စားသောက်မှု အလွန်ချို့တဲ့ခဲ့တယ်လေ၊ အဲဒါကြောင့်မို့ သူ့ရဲနောက်လိုက်နောက်ပါ ထဲက တစ်ယောက်ဖြစ်တဲ့ ကျဲ့ဇီထွေးဟာ မင်းသားအစာရေစာငတ်ပြတ်နေတာကို မကြည့် ရက်လို့ သူ့ရဲ့ပေါင်ကို လှီးကျွေးပြီး မင်းသားရဲ့ အသက်ကိုဆက်ခဲ့တယ်၊ နောင်မှာ မင်းသား ဟာကိုယ့်နိုင်ငံကို ပြန်ရောက်လာနိုင်ပြီး ဘုရင်ဖြစ်လာတဲ့အခါ သူနန်းတွင်းကနေထွက်ပြေး တိမ်းရှောင်စဉ်က သူနဲ့အတူဒုက္ခတွေခံခဲ့ရသူတွေကို ဆုလာဘ်များစာပေးပြီး၊ ရာထူးတွေ လည်းချီးမြှင့်တယ်၊ ဒါပေမဲ့ လူထူးလူဆန်းကျဲ့ဇီထွေးကတော့ ဆုလာဘ်ရာထူးတွေကို မယူ ဘဲ၊ သူ့မိခင်နဲ့အတူ မြန်ရှန်းတောင်ကိုသွားပြီး အေးအေးချမ်းချမ်းနေထိုင်တယ်တဲ့။

မေ- အဲတော့ ဘုရင်က သူ့အပေါ်အရမ်းကောင်းခဲ့တဲ့သူကို သူ့အနားပြန်လာပါစေတော့ဆို တဲ့ ရည်ရွယ်ချက်နဲ့ အဲဒိတောင်ကိုမီးရှို့စေလို့ အမိန့်ချမှတ်လိုက်တယ်၊ ဘုရင်ရဲ့ သဘောက ကျဲ့ဇီမင်းဟာ အမေကိုအရမ်းရိုသေလေးစားချစ်ခင်တာမို့ အဲတောင်ကြီးမီးလောင်ပြီးဆိုရင် တော့ အမေနဲ့အတူ နန်းတော်ကိုပြန်ရောက်လာမယ်လို့ ထင်နေတာပေါ့၊ ဒါပေမဲ့ သူထင် သလိုမဖြစ်လာဘဲ သူတို့သားအမိဟာ မိုးမခပင်ကြီးကိုဖက်တွယ်ပြီး သေပွဲဝင်ခဲ့တယ်တဲ့လေ ဘယ်သူကမှ အဲလိုဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ အဲတော့မှ ဘုရင်က သူတို့သားအမိကို အဲဒိမိုးမခပင်ကြီးအောက်မှာပဲ မြေမြှုပ်သဂြိ င်္လ်လိုက်ရတယ်တဲ့၊ ပြီးတော့ ကျဲ့ဇီထွေးကို လွမ်း ဆွေးဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ အဲဒိတောင်ကို ကျဲ့တောင်လို့ သမုတ်လိုက်တယ်၊ အဲတောင်မှာပဲ ကျဲ့ဇီထွေးကို သတိတရလာရောက်ပြီး ပူဇော်ကြဖို့ အဆောင်တစ်ဆောင် ဆောက်လိုက်တယ်၊ အဲဒိတောကို မီးရှို့ခဲ့တဲ့နေ့ကို ထမင်းအေး၊ဟင်းအေး စားသောက်ပွဲနေ့ လို့ သတ်မှတ်လိုက်တယ်၊ အဲနေ့မှာ ဘယ်သူမှ မီးမမွှေးရဘဲ ထမင်းအေး၊ ဟင်းအေးတွေကို ပဲ စားသောက်ကြဖို့ အမိန့်ချမှတ်ခဲ့တယ်၊

ကြော့- အဲလိုနဲ့ နောက်ပိုင်းမှာ ထမင်းအေးဟင်းအေးစားပွဲတော်ဟာ ချင်းမင်ပွဲတော်နဲ့ နီးလွန်းတာမို့ အဲပွဲတော်နှစ်ခုကို တစ်ရက်တည်း ပြုလုပ်တဲ့ ဓလေ့ဖြစ်လာတယ်။

မေ- အဲဒိ ချင်းမင်းပွဲတော်ရဲ့ထူးခြားချက်လေးကိုလည်း အားမာန်ပြောပြချင်သေးတယ်နော်၊ အဲဒိချင်းမင်ပွဲတော်က အလွန်လေးနက်တဲ့အဓိပ္ပါယ်ကို ဆောင်ပါတယ်တဲ့၊ အဲဒိပွဲတော်နေ့ မှာမီးမမွှေးဘဲ၊ အုတ်ဂူမှာပူဇော်သန့်ရှင်းရေးလုပ်တဲ့အပြင် မြို့ဆင်ခြေဖုံးကိုလမ်းလျှောက် ခရီးထွက်ကြတယ်၊ စွန်လွှတ်ကြတယ်၊ တန်းစီးခြင်း(နားမလည်) ၊စတဲ့ ပျော်ရွှင်စရာကောင်း တဲ့ အားကစားပွဲလေးတွေကိုလည်း လုပ်လေ့ရှိတယ်၊ ပြီးတော့ ယန်စီမြစ်တောင်ပိုင်းမှာ ဆိုရင် စန်ဝှားပွဲတော်နဲ့ ပိုးမျှင်ကောင်နတ်ပူဇော်ပွဲစတဲ့ပွဲတွေလည်းရှိသေးတယ်တဲ့၊ အဲဒိ ပွဲတော်ကာလမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘိုးဘွားများကို အောက်မေ့သတိရပြီး ကျန်ရှိနေ သေးတဲ့ ဆွေးမျိုးသားချင်းများရဲ့ ချစ်ခင်ရင်းနှီးမှုခိုင်မြဲစေကာ ခရီးထွက်လိုက်ခြင်းဖြင့် လွမ်း မောမှုကို ဖြေဖျောက်စေတာမို့ ထူးခြားတဲ့ပွဲတော်ဖြစ်ပါတယ်၊ တရုတ်ပြည်သူ့သမ္မတတည် ထောင်ပြီးတော့ ချင်းမင်ပွဲတော်ရက်မတိုင်မီနဲ့ ပွဲတော်ပြီးနောက်ရက်များမှာ နယ်အသီးသီး ကပြည်သူများက အာဇာနည်များရဲ့သင်္ချိုင်းကိုသွားပြီး တော်လှန်ရေးအတွက် အသက်ပေး သွားတဲ့ အာဇာနည်တွေကို လွမ်းဆွတ်တဲ့အနေနဲ့ သွားကြပြီး လွမ်းဆွတ်မှုကို ဖေါ်ပြကြပါ တယ်။

ကြော့- ချင်းမင်းပွဲတော်နေ့လို့ ခေါ်ရတဲ့ အကြောင်းကို ကြော့ ပြောပြမယ်။ ကျင်ဝမ်းကုန်း ဘုရင်ဟာ ကျဲ့ဇီမင်းကို ၀မ်းနည်းလွမ်းဆွတ်တဲ့အခါ မှုးမတ်များနဲ့ စောစောကပြောခဲ့တဲ့ တောင်ပေါ်ကိုတက်ခဲ့တယ်၊ အဲဒိအချိန်မှာ မီးလောင်သွားခဲ့တဲ့ မိုးမခပင်ကြီးဟာ အကိုင်း အခက်တွေနဲ့ စိမ်းလန်းစိုပြေနေတာကို တွေ့ရတယ်၊ ဒါကြောင့် ဘုရင်က အဲဒိအပင်ကြီးကို မော့ကြည့်လိုက်တဲ့အခါ သူ့စိတ်ထဲမှာ ကျဲ့ဇီမင်းကို ပြန်တွေ့လိုက်ရသလိုခံစားလာရတယ်၊ အဲတော့ ဘုရင်က အဲဒိအပင်ရှေ့ကိုသွားပြီး မြတ်မြတ်နိုးနိုးနဲ့ အဲဒိအပင်က အကိုင်းလေးကို သာသာလေးချိုးယူလိုက်ပြီး အ၀ိုင်းပုံစံလေးခွေပြီး သူ့ခေါင်းပေါ်မှာ တင်လိုက်တယ်၊ အဲလို ပူဇော်၊ သန့်ရှင်းရေးလုပ်ပြီးတော့ ဘုရင်က ပြန်လည်ရှင်လာတဲ့ မိုးမခပင်ကြီးကို ချင်းမင်မိုး မခပင်လို့ နာမည်ပေးလိုက်တယ်၊ အဲနေ့ကိုလည်း ချင်းမင်ပွဲတော်နေ့လို့ သတ်မှတ်လိုက် တယ်လေ။

မေ- ပြီးတော့လေ စည်းစိမ်ချမ်းသာကို မမက်မောတဲ့ကျဲ့ဇီထွေးကို ကျင့်နိုင်ငံသူ၊နိုင်ငံသား တွေကအရမ်းပဲ လွမ်းဆွတ်သတိရကြတယ်၊ ဒါကြောင့် ကျဲ့ဇီမင်းမီးလောင်ပြီးသေဆုံးသွား တဲ့နေ့ရောက်တိုင်း မီးဆိုတဲ့အသံကိုတောင် မကြားချင်တော့လို့ အဲနေ့မှာ ဘယ်သူမှ မီး ကို မသုံးတော့ဘူး၊ အဲနေ့ကို မီးမမွှေးရနေ့လို့ အထိမ်းအမှတ်ပြုလိုက်ကြမယ်လို့ ဆုံးဖြတ်လိုက် ကြတယ်၊ ပြီးတော့ ဂျုံမှုန့်နဲ့ ဇီးယိုကိုအတူရောနယ်ပြီး ပျံလွှားငှက်ပုံလေးလုပ်ပြီး မိုးမခ အခက်လေးတွေနဲ့အတူ တံခါးမှာချိတ်ဆွဲထားကြတယ်လေ၊ အဲလိုလုပ်တာက ကျဲ့ဇီမင်းရဲ့ ၀ိညာဉ်ကိုခေါ်တာလို့ ပြောကြတယ်၊ အဲဒိပျံလွှားလေးကို ကျဲ့ဇီပျံလွှားလေးလို့ခေါ်ကြတယ် လေ၊ အဲနောက်ပိုင်းက စပြီးထမင်းအေး၊ဟင်းအေးစားတဲ့ ချင်းမင်နေ့ဟာ အရေးပါတဲ့ ပွဲတော်နေ့တစ်နေ့ဖြစ်လာပါတော့တယ်တဲ့၊ အဲနေ့တစ်နေ့လုံး ဘာမှ မီးမွှေးပြီးမချက်ကြပါ ဘူး၊ အရင်နေ့က ချက်ပြီးသား အအေးတွေကိုပဲ စားကြပါတယ်၊

အဲလိုစားတဲ့နေရာမှာလည်း တောင်ပိုင်းက စားတာနဲ့ မြောက်ပိုင်းက စားတာမတူကြဘူးလေ မြောက်ပိုင်းကသူတွေက ဇီးသီးမုန့်၊ဂျုံမုန့်ပေါင်းတွေကိုစားကြတယ်၊ တောင်ပိုင်းက အစိမ်း ရောင်မုန့်လုံးကြီး၊ ကြာစွယ်ကောက်ညှင်းပေါင်းအချိုကို စားကြတယ်လေ။ ပြီးတော့ လူတွေ က အဲနေ့ရောက်ရင် မိုးမခအခက်လေးတွေကို အ၀ိုင်းလေးတွေလုပ်ပြီး ခေါင်းပေါ်မှာ တမြတ်တနိုးနဲ့ဆောင်းလေ့ရှိကြတယ်။ အိမ်ရှေ့၊ အိမ်နောက်ဘက်တွေမှာလည်း မိုးမခ အကိုင်းအခက်လေးတွေကို ချိတ်ဆွဲပြီး ၀မ်းနည်းကြောင်းဖေါ်ပြကြတယ်တဲ့။

ကြော့- အဲဒိချင်းမင်ပွဲတော်ရဲ့ ဓလေ့တွေကအရမ်းများတယ်၊ ပြီးတော့ စိတ်ဝင်စားစရာလည်း ကောင်းတယ်၊ စောစောကပြောခဲ့သလိုအဲနေ့မှာ မီးမမွှေးဘူး၊ ကွယ်လွန်သွားတဲ့ ဘိုး၊ဘွား များရဲ့အုတ်ဂူကို သန့်ရှင်းရေးလုပ်ကြတယ်၊  မြို့ပြင်ကိုလမ်းလျှောက်ပြီး သွားလည်တယ်၊ တန်းစီးပြိုင်ကြတယ်၊ စုကျွီးဘောလုံးကန်ကြတယ်၊ မြင်းစီးပြီးပိုလိုကစားကြတယ်၊ မိုးမခ အခက်လေးတွေကို ချိတ်ဆွဲကြတယ်စတဲ့ ဓလေ့ပေါင်းများစွာကိုလုပ်ကြတယ်၊ အဲလိုထမင်း အေး၊ဟင်းအေးစားတာမို့ ကျန်းမာရေးထိခိုက်မှာစိုးလို့ ကိုယ်လက်လှုပ်ရှားလုပ်တဲ့အနေနဲ့ အားကစားနည်းတွေကို ကစားကြတာတဲ့၊ အဲဒိပွဲတော်က ၀မ်းနည်းမှုတွေကိုပြေပျောက်စေဖို့ အလည်အပတ်ထွက်ကြပြီး ပျော်ရွှင်လာအောင်လုပ်ကြတာမို့ ခံစားမှုစုံလင်ပြီး ထူးခြားတဲ့ ပွဲတော်ပဲဖြစ်တယ်လေ။

မေ- တန်းစီးခြင်းဆိုတာလေးကို အားမာန်ပြောပြမယ်နော်၊ အဲဒိကစားနည်းက သားရေကြိုး ကိုလွှဲပြီးကစားရတာမျိုးပါ၊ အဲကစားနည်းကလည်း ဟိုးတုန်းတည်းက ရှိခဲ့တာတဲ့၊ အစတုန်း က ချင်းချူးကစားနည်းလို့ခေါ်တယ် နောက်တော့တဖြည်းဖြည်းနဲ့ ချူးချန်းလို့ ခေါ်လာတယ် တဲ့၊ ရှေးတုန်းက သားရေကြိုးတွေ မရှိခင်တုန်းကပေါ့၊ သစ်ကိုင်းလေးတွေ၊ သစ်ခွလေးတွေ ကို တန်းအဖြစ်သုံးကြပြီး၊ ရောင်စုံကြိုးလေးတွေနဲ့ချည်ပြီးကစားကြတယ်တဲ့၊ နောက်ပိုင်း တဖြည်းဖြည်းတိုးတက်လာလို့ ကြိုးနှစ်ချောင်းနဲ့ သစ်သားပြားကိုချည်ထားတဲ့တန်းကိုသုံး လာကြတယ်၊ အဲကစားနည်းက ကျန်းမာရေးအတွက်လည်းကောင်းတယ်၊ ပြီးတော့ သတိ တရားလည်းရှိစေတဲ့ကစားနည်းမျိုးဖြစ်လို့ အခုထိကလေးတွေ ခုံခုံမင်မင်နဲ့ ကစားနေကြတဲ့ ကစားနည်းပဲတဲ့လေ။

ကြော+မေ- အချိန်လေးစေ့သွားပြီမို့ ဒီမျှနဲ့ရပ်နားလိုက်ပါတယ်၊ ကျိုက်ကျန့်။

   Webradio