• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခရီးသွားရင်း အပန်းဖြေ

(GMT+08:00) 2012-06-22 17:57:44

မေအားမာန်- သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ ကျွန်မမေအားမာန်ပါ။

ဦးခင်မောင်ဝင်း- မင်္ဂလာညချမ်းလေးပါခင်ဗျာ၊ ကျွန်တော်ခင်မောင်ဝင်းပါ။

မေ- အားမာန်တို့ နှုတ်ဆက်ပြီးပြီဆိုတော့၊ အလုပ်သဘောလေးစလိုက်ကြပါစို့လား ဦးခင်မောင်ဝင်း ရေ။

ဦး- ဟုတ်ကဲ့ပါဗျာ၊ အစီအစဉ်အစလေးမှာ ကျွန်တော်တို့ဆီကို သောတရှင်တွေက ပေးပို့လာတဲ့ စာ လွှာလေးတွေ ရောက်နေတယ်ဆိုတဲ့အကြောင်းလေး ပြောလိုက်ကြရင်မကောင်းဘူးလား။

မေ- ဟုတ်ကဲ့၊ အရမ်း အရမ်းကိုပြောချင်နေသူပါနော်။ အားမာန်တို့ဆီရောက်လာတဲ့ စာလွှာလေး တွေကတော့  မောင်ညိုမှိုင်းရဲ့ ဧပြီ ၂၅ ရက်နေ့က ရေးထားတဲ့ စာလွှာလေးတစ်စောင်နဲ့ မိုးစွေငှက် လေးရဲ့ မေလသုံးရက်နေ့က ရေးထားတဲ့စာတစ်စောင်နဲ့ ရက်စွဲမထိုးထားတဲ့စာတစ်စောင်တို့ ဖြစ် ပါတယ်။ အခုလိုစာရေုးပြီး အားမာန်တို့အစီအစဉ်ကိုအားပေးတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရ ပါတယ်။

ဦး- ဟုတ်တယ်ဗျာ။ သောတရှင်တွေဆိုတာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေပါပဲ မဟုတ်လား။

မေ- ဟုတ်တာပေါ့ရှင်။အော ဒါနဲ့ ဦးခင်မောင်ဝင်းရေ ခရီးသွားခြင်း၊မသွားခြင်းအပေါ် အမြင်လေး ဘယ်လိုရှိလဲဆိုတာ သိပါရစေလားရှင်။

ဦး- အင်း၊ ကျွန်တော်ကတော့ ခရီးသွားတာ၊မသွားတာတွေက ဒုတိယနေရာလောက်မှာ ရှိပါတယ်။

ဘာလို့ဆိုတော့ ကျွန်တော့မိသားစုနဲ့ဆို ဘာပဲဖြစ်ဖြစ်လုပ်ချင်တယ်။ မိသားစုနဲ့မဟုတ်ဘဲ တစ် ယောက်တည်းလုပ်ရမဲ့ ကိစ္စဆို တော်တော်လေးစဉ်းစားပြီးမှ လုပ်လေ့ရှိတယ်။

မေ-ဟုတ်တယ်၊ ဟုတ်တယ် အားမာန်သိတော့သိထားပါတယ်လေ။ ဒါပေမဲ့ မိသားစုနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတာနဲ့ပတ်သက်တဲ့ ရှိတဲ့ခံစားမှုလေးကိုပဲ ပြောပြပါဦးရှင်။

ဦး- အင်း.. ဒီလိုဆိုရင်တော့- အခုတရုတ်ပြည်မှာ ခရီးသွားပြီးအပန်းဖြေခြင်းနဲ့ ပတ်သက်ပြီး ဖြစ်ပျက် နေတဲ့အကြောင်းလေးတွေကို ပြောပြရအောင်လား။

မေ- အင်း၊ ဒါလည်းကောင်းတာပဲနော်။ အားမာန်ကြားဖူးတယ်၊အခုတရုတ်ပြည်မှာ ပိတ်ရက်ရှည် တွေဆိုရင် ပန်းခြံ၊ပြတိုက်၊ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းထားတဲ့နေရာစတာတွေ  ကိုအားလပ်ရက် အပန်းဖြေခရီးပဲဖြစ်ဖြစ်၊ ဧည့်သည်တွေ၊ခရီးသည်တွေကလေ့လာရေးခရီးစဉ်ပဲဖြစ် ဖြစ်သွားလည်ခဲ့ရင် အဲဒိနေရာတွေကို ၀င်ဖို့ ၀င်ကြေးတွေတော်တော်တက်လာတယ်လို့ကြားတယ် ရှင်။

ဦး- ဟုတ်တယ်။ ကျွန်တော်လည်းသတင်းကြားတယ်။ အင်တာနက်သတင်းထဲမှာ လာမယ့်သုံး၊လေး လမှာ တရုတ်ပြည်ရဲ့နာမည်ကျော် ရှုခင်းသာနေရာဒေသ ၂၀ ကျော်မှာ ၀င်ကြေးတွေ တိုးမြှင့်မယ် လို့သတင်းတွေထွက်နေတယ်။

မေ-အဲလိုထပ်တက်ဦးမှာလား၊ တရုတ်ပြည်မှာ မေဒေးရုံးပိတ်ရက်တုန်းတည်းက တစ်ချို့နေရာတွေ မှာ ရာခိုင်နှုန်း ၂၀ ကနေ ၆၀ ထိ တိုးလာဆို၊ ဦးခင်မောင်ဝင်းရဲ့။

ဦး- ဒါလည်းမမှားပါဘူး။ ဒါကြောင့် အင်တာနက်ပျော်တွေပြောတဲ့ စကားအတိုင်းပြန်ပြောရမယ် ဆိုရင် အဲလိုတရုတ်ပြည်ရဲ့ ၀င်ကြေးလက်မှတ်တက်မှုဟာ ဘယ်လောက်ကြမ်းလဲဆိုရင် တစ် ကမ္ဘာလုံးမှာ ထိပ်ဆုံးက ပြေးနေတယ်လို့ပြောနေကြလေရဲ့ဗျာ။

မေ-ဟုတ်တယ်၊ ဟုတ်တယ် အားမာန်လည်း ဟိုနေ့က ဖတ်ဖြစ်လိုက်တဲ့အကြောင်းလေးက တရုတ် ပြည်တောင်ပိုင်းမှာ ရှိတဲ့Zhen Jia Jie တောင်ရဲ့ ၀င်ကြေးလက်မှတ်တစ်စောင်ဟာ ပြင်သစ်နိုင်ငံက ကျော်ကြားတဲ့ Lu Fu Gong (တရုတ်အသံနဲ့ခေါ်ခြင်း)လို့ခေါ်တဲ့ နန်းတော်ရဲ့ ၀င်ကြေးထက်တောင် နှစ်ဆဈေးကြီးနေတယ်တဲ့ရှင်။

ဦး-ဟုတ်တယ်ဗျာ။ အခုဆိုရင် တရုတ်ပြည်ကအဲလိုတွေဖြစ်နေတော့ကာ သာမာန်လူတွေက ဒီလို နေရာတွေကိုဘယ်သွားနိုင်တော့မလဲ၊ ပိုက်ဆံရှိတဲ့လူတွေပဲ သွားနိုင်တာပေါ့။

မေ- အင်းနော်။ အားမာန်ဖတ်ဖူးထားတဲ့ အဲဒိ နေရာတွေရဲ့ လက်မှတ်ခ လေးတွေကို နည်း နည်း ပြောပြမယ်နော်။ တရုတ်ပြည်ရဲ့ 5A အဆင့်ရှိတဲ့ ရှုခင်းသာဒေသတွေက ၁၃၀ ရှိတယ်။ အဲထဲမှာ ၀င် ကြေးလက်မှတ် ယွမ် ၆၀ ထက်မကျော်တာက ၂၇ နေရာရှိတယ်။ ယွမ် ၆၀က ၁၀၀ထိ ရှိတဲ့နေရာက ၄၁ နေရာရှိတယ်။ ယွမ်၁၀၀က ၂၀၀ထိရှိတဲ့ နေရာက ၄၆ နေရာရှိတယ်။အများဆုံးပဲပေါ့နော်။

ဦး- ဒါတင်ဘယ်ဟုတ်သေးမလဲဗျာ၊ အဆင့်ကတော့အဲဒိအဆင့်ပဲ ဒါပေမဲ့ () ပြောတဲ့ ပိုက်ဆံထက် ပိုတဲ့ နေရာရှိသေးတယ်။ အဲဒိနေရာက ဟူပေပြည်နယ်က ၀ူတန်တောင်၊ စီချွမ်ပြည်နယ်က တိုဇိုက် ကုန်း၊ အန်းဝှေးပြည်နယ်က ၀ှမ်ဆန်းတောင် တွေကို သွားမယ်ဆိုရင်လက်မှတ်ခ ယွမ် ၂၀၀ကျော် တောင်ပေးရမှာပါ။

မေ- အမလေး၊နောင်ဆို တရုတ်ပြည်ရဲ့ဝင်ကြေးလက်မှတ်နှုန်းက ယွမ် ၃၀၀ ပေးရမယ့် ခေတ်ဖြစ်လာ တော့မယ်ထင်ပါရဲ့နော်

ဦး- ဟုတ်တယ်လေ။ ဒါကြောင့် အင်တာနက်ပျော်တစ်ယောက်က ဒီလိုတွက်ပြထားတာပေါ့၊ သာမန် လူတစ်ယောက်ဟာ မနက်စာဆို ၅ယွမ်၊နေ့လယ်စာဆို ၁၂ယွမ်၊ညစာဆို ၁၅ ယွမ်ကုန်တယ်ပေါ့၊ ဒါ ဆိုသာမာန်လူတစ်ယောက်ရဲ့ တစ်နေ့တာစားစရိတ်ဟာ ၃၂ယွမ်ကုန်မယ်၊ အဲဒိ တိုဇိုက်ကုန်းဒေသ ကို သွားမယ်ဆိုရင် လက်မှတ်ခက ယွမ်၂၂၀ဆိုတော့ သာမန်လူတစ်ယောက်ရဲ့ တစ်ပတ်စာဖြစ်နေပြီ လေ၊ သာမန်လူတစ်ယောက်ဟာ ဒီလိုခရီးထွက်ပြီး ဇိမ်ခံဖို့ကိုတော်တော် စဉ်းစားရတော့မယ်လေဗျာ

မေ- ဟုတ်ပါတယ်။ ဒါကြောင့် လူသားအားလုံးအဆင်ပြေနိုင်အောင် လက်မှတ်ခတွေ ဈေးကျပါစေ လို့ ဆုတောင်းရင်း အားမာန်တို့ အစီအစဉ်လေးကို ဒီမျှနဲ့ ရပ်နားခွင့်ပြုပါရှင်။ နားဆင်အားပေးမှု အတွက် ကျေးဇူးဥပကာရတင်ပါတယ်လို့ ပြောကြားရင်း နှုတ်ဆက်လိုက်ပါတယ်နော်။

 

   Webradio