• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Lei Feng အကြောင်း

(GMT+08:00) 2012-03-23 18:14:26

မေအားမာန်- သောတရှင်အပေါင်းကျန်းမာတော် မူကြပါစရှင်။ ကျွန်မ မေအားမာန်ပါ။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာညချမ်းပါခင်ဗျာ၊ ကျွန်တော် ခင်မောင်ဝင်းပါ။

မေ- ဟုတ်ကဲ့ပါ၊ အခုတစ်ပတ် အားမာန်တို့ အမြင်ချင်းဖလှယ် ပြောဆိုကြမယ့် အကြောင်းအရာလေး ကို သောတရှင်တွေ သိရအောင် ပြောပြပါဦး ဦးခင်မောင်ဝင်းရယ်။

ဦး- ဟုတ်ကဲ့။ ကျွန်တော်တို့ အခုပြောကြမယ့်အကြောင်းလေးကတော့ lei feng လို့ခေါ်တဲ့ သာမာန် စစ်သည်လေးတစ်ယောက် အကြောင်းကိုပြောကြမယ်ဗျာ။

မေ- ဟုတ်ကဲ့၊ ကောင်းတာပေါ့ရှင်။ အားမာန်လည်း စိတ်ဝင်စားပါတယ်။ အားမာန်တို့ရဲ့ သောတရှင် တွေလည်း စိတ်ဝင်စားနေကြလိမ့်မယ်ရှင်။ ဘာလို့ အခုလိုသာမာန်စစ်သည်လေးအကြောင်း အား မာန်တို့ပြောရတာလဲလို့ ဆိုတာကိုပေါ့နော်။

ဦး- ဟုတ်ပါတယ်၊လေဖုန်း ဘာလို့နာမည်ကြီးရသလဲဆိုတဲ့ အကြောင်းရင်းတွေကတော့ အများကြီး ပါပဲဗျာ။ အဲဒိထဲကမှ ကျွန်တော်တို့ရထားတဲ့ အချိန်အတိုင်းအတာလေးအတွင်းမှာ ရသလောက် လေးတွေကို ပြောကြပါစို့ဗျာ။

မေ-သိပ်ကောင်းတာပေါ့ရှင်၊ လေဖုန်းဘာလို့အခုလို နာမည်ကျော်ကြားရတာလဲဆိုတာက ၁၉၆၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ ရဲဘော်လေဖုန်းကို အတုယူကြပါလို့ တရုတ်ပြည်မှာ ကမ္ပည်းစာတမ်း ရေးထိုးခဲ့တာကြောင့်လို့ ပြောရမလာပဲနော်။

ဦး- ဟုတ်ကဲ့၊ အဲဒါလည်း မှန်ပါတယ်။ အဲလို ကမ္ပည်းထိုးတယ်ဆိုတာကလည်း လေဖုန်းရဲ့ စွမ်းရည် တွေကြောင့်ပဲပေါ့။

မေ- ဟုတ်တာပေါ့နော်။ ဒါဆို လေဖုန်းရဲ့ ကြီးမားမွန်မြတ်တဲ့ စွမ်းရည်တွေက ဘာတွေလည်း ဆိုတာ ကို အားမာန်တို့ အခုပဲ ပြောကြပါစို့။

ဦး- လေဖုန်းလို့ပြောလိုက်တာနဲ့ တရုတ်ပြည်ကလူတွေ တန်းသိတော့တာပဲလေ။ဘာလို့ဆိုတော့ သူ ကဘယ်ကိစ္စကိုပဲ လုပ်လုပ်ကိုယ့်အတ္တကို ရှေ့တန်းမတင်ဘူး၊ အများကောင်းကျိုးကိုပဲ ရှေ့ရှူပြီးလုပ် တတ်တာမို့ပါ။ နိုင်ငံတော်အတွက် ကောင်းကျိုးတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့သူဖြစ်တယ်။

မေ- လေဖုန်းရဲ့ ဘ၀ဇာတ်ကြောင်းလေးကိုလည်း ပြောပြပါဦးရှင်။

ဦး- လေဖုန်းဟာ ၁၉၄၀ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်တယ်။ သူငယ်စဉ်ကတည်းက သူ့မိဘနှစ်ပါးလုံးနဲ့ ညီအစ်ကိုမောင်နှမတွေဆုံးပါးသွားလို့ သူတစ်ယောက်တည်း တစ်ကောင်ကြွက်ဘ၀နဲ့ လောက အလယ်မှာကျန်ခဲ့ရတယ်။ တရုတ်ပြည်သစ် မထူထောင်ခင်တုန်းက သူ့ဘ၀ကိုခက်ခက်ခဲခဲ ရုန်းကန် ခဲ့ရတယ်။ တရုတ်ပြည်သစ်ထူထောင်ပြီးတော့မှ လေဖုန်းဟာ ဘက်ပေါင်းစုံတို့ရဲ့ ကြိုးစားအားထုတ်မှု

အလေးထားမှုတွေကြောင့် ကျောင်းတက်ပြီး ပညာသင်ကြားနိုင်တယ်။ အဲကနေ တစ်ဆင့်ပြီး တစ်ဆင့်ကြိုးစားလာခဲ့တယ်။

မေ- ဟုတ်ကဲ့၊ အားမာန် သိထားတာလေ ပြောဦးမယ်နော်။ သူကလေ စိတ်ဓာတ်မွန်မြတ်သူတစ်ဦး အဖြစ်သိထားတယ်။ သူက ပုပုလေးတဲ့။ ဟုတ်လားရှင်။ ဒါပေမဲ့ သူရုပ်ကလေးက မျက်နှာမြင်ချစ်ခင် ပါစေ ဆိုတဲ့ဆုနဲ့ ပြည့်တယ်လို့ ဆိုရမလားမသိနော်။ သူရုပ်လေးက အမြဲတမ်းပျော်ရွှင်တက်ကြွနေ တာပဲလို့လည်းကြားဖူးတယ်ရှင်။

ဦး- ဟုတ်တယ်၊ သူက ဘယ်သူ့ကိုဘယ်လိုကောင်းအောင် ဘာတွေလုပ်ပေးရမလဲဆိုတာကိုပဲ အမြဲ စဉ်းစားနေတတ်သူပါ။

မေ- အော၊ အတုယူစရာကောင်းလိုက်တဲ့ စိတ်ဓာတ်ပဲရှင်။

ဦး- လေဖုန်း ငယ်တုန်းက ရွာမှာနေခဲ့တုန်းကပေါ့၊ သူကသူမှာပိုက်ဆံလေး ယွမ် ၂၀ ရှိလို့ မြို့တက်ပြီး လိုတာလေးတွေ ၀ယ်ဖို့အသွားလမ်းမှာ ရွာတစ်ရွာက သူတို့ရွာအတွက် ထော်လဂျီ ၀ယ်ဖို့ ပိုက်ဆံလို တယ်ဆိုပြီး အလှုခံအဖွဲ့ကိုလည်း တွေ့ရော၊ သူ့ပါလာတဲ့ ပိုက်ဆံအားလုံးကို အဲဒိအလှုခံအဖွဲ့မှာ အား လုံးလှုလိုက်တယ်။

မေ- ဟုတ်တယ်၊ အားမာန်လည်း သိထားတယ်။ သူက အဲလိုလှုလိုက်လို့ နောက်နေ့မှာ သူ့ဆီကို အဲ ဒိအဖွဲ့က လူတစ်ယောက်က သူ့ဆီရောက်လာတယ်။ ဘာလို့အဲလိုလိုက်လာရသလဲဆိုတော့ သူလှု လိုက်တဲ့ငွေက အများဆုံဖြစ်နေတာလည်းပါတယ်၊ ပြီးတော့ ထော်လဂျီမောင်းဖို့လည်း သူ့ကိုလာ ခေါ်တယ်လို့ ကြားဖူးတယ်ရှင်။

ဦး- ဟုတ်ပါတယ်။ အဲလို ရွာမှာ ထော်လဂျီမောင်းရာကနေ နိုင်ငံအတွက်စက်မှုလုပ်ငန်းက အရေး ကြီးတယ်လို့ ယူဆပြီးတော့ သူက သံမဏိစက်ရုံကိုပြောင်းပြီးလုပ်တယ်။ ပြီးတော့မှာ နိုင်ငံတော် ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းက ပါဝင်ချင်တာမို့ စစ်တပ်ထဲကို ၀င်ခဲ့တယ်။

မေ- ဟုတ်တယ်။ လေဖုန်ရဲ့ ဘ၀အစုံစုံတွေထဲက တစ်ခုဖြစ်တဲ့ သူအကြောင်းလေးကို ပြောဦးမယ် ရှင်။ ဘာလဲဆိုတော့ သူက မိဘတွေ မရှိတော့တာမို့ သူ့သူငယ်ချင်းရဲ့ မိဘတွေဆီကို သူလခငွေကို လတိုင်းပို့ပေးလေ့ရှိတယ်။ အဲလိုပို့တယ်ဆိုတာကလည်း သူ့နာမည်နဲ့ ပို့တာမဟုတ်ဘူးနော်။ သူ့ သူငယ်ချင်းနာမည်နဲ့ပဲ ပို့ခဲ့တာပါတဲ့ရှင်။

ဦး- ဒါကြောင့် တရုတ်ပြည်မှာ နှစ်စဉ် မတ်လ ၅ ရက်နေ့မှာ လေဖုန်းကို အထိမ်းအမှတ်ပြုတဲ့ အနေနဲ့ ဂုဏ်ပြုပွဲကျင်းပပွဲတွေ လုပ်လာတာ အခုဆိုရင် နှစ် ၅၀ နီးပါးရှိပါပြီ။

မေ- အဲလို လူတိုင်းအတွက်၊ တိုင်းပြည်အတွက်ကောင်းကျိုးတွေလုပ်ခဲ့တဲ့ လေဖုန်းဟာ တပ်မတော် ထဲမှာ အလုပ်လုပ်နေရင်းနဲ့ ၁၉၆၂ခုနှစ်၊ သြဂုတ်လ ၁၅ ရက်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ် နော်။ ဟုတ်ကဲ့ အားမာန်တို့ရဲ့ အချိန်လေးလည်း ပြည့်သွားပြီမို့ ဒီမျှနဲ့ ရပ်နားခွင့်ပြုပါရှင်။

 

 

   Webradio