တရုတ်ဝန်ကြီးချုပ် ဝင်ကျားပေါင်၏ အစိုးရလုပ်ငန်းအစီရင်ခံစာ

လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်အစိုးရ၏လုပ်ငန်းနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း ကျွန်တော်တို့သည် နိုင်ငံတကာ ငွေကြေး အကျပ်အတည်း၏ ပြင်းထန်စွာ ဂယက်ရိုက်ခတ်မှုကို ထိရောက်စွာ ရင်ဆိုင် ကျော်လွှားပြီး စီးပွါးရေး မြန်မြန်မှန်မှန် တိုးတက်ခြင်းကို ထိန်းသိမ်းထားကြောင်း၊ ဂျီဒီပီ စုစုပေါင်းပမာဏမှာ ယွမ် ဘီလီယံ ၂ သောင်း ၆၆၀၀ ကနေ ယွမ် ဘီလီယံ ၅ သောင်း ၁၉၀၀ အထိ တိုးများလာကာ ကမ္ဘာ့ ဒုတိယ အများဆုံး ဖြစ်လာပါကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် ဧက ဒသမ ငါးနှစ်စီမံကိန်းကို ပြီးမြောက်အောင် ဖေါ်ဆောင်ခဲ့ပြီး ဒွါ ဒသမ ငါးနှစ်စီမံကိန်းကို ချောမောစွာ အကောင်အထည် ဖေါ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ဆိုရှယ်လစ် စီးပွါးရေး ထူထောင်မှု၊ နိုင်ငံရေး ထူထောင်မှု၊ ယဉ်ကျေးမှု ထူထောင်မှု၊ ဆိုရှယ်လစ် ထူထောင်မှု၊ ယဉ်ကျေးမှူ ထူထောင်မှု စသည့်ထူထောင်မှုလုပ်ငန်းများတွင် အရေးကြီး တိုးတက်မှုများကို ရရှိခဲ့ကြောင်း ပြောကြားပါသည်။

 

လွန်ခဲ့သည့် ငါးနှစ်အတွင်း အဓိကလုပ်ငန်းများနှင့် ထူးခြားချက်များနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် နိုင်ငံတကာ ငွေကြေးအကျပ်အတည်းကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းပြီး စီးပွါးရေး မြန်မြန်မှန်မှန် တိုးတက်ခြင်းကို တွန်းအား ပေးခဲ့ကြောင်း၊ ကျွန်တော်တို့သည် ပြည်တွင်းဝယ်လိုအား တိုးချဲ့ရေးနှင့် စီးပွါးရေး တိုးမြှင့်ရေး ဆိုင်ရာ ဆောင်ရွက်မှု ဆယ်ရပ်ကို ပြုလုပ်ပြီး နှစ်နှစ်အတွင်း ငွေရင်းမြှုပ်နှံမှု ယွမ် ဘီလီယံ ၄ ထောင်ကို တိုးဖြည့်ပေးခဲ့ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် စီးပွါးရေး မြန်မြန်မှန်မှန် တိုးတက်စေရေး၊ စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် ငွေကြေးဖေါင်းပွမှု ကြိုတင် ထိန်းညှိရေး စသည့်လုပ်ငန်းများကို ညီမျှအောင် ဆောင်ရွက်ခဲ့ပြီး မက်ကရို စီးပွါးရေး မူဝါဒများ ပိုမို သိပ္ပံနည်းကျအောင်၊ အကျိုးသက်ရောက်မှု ပိုမို ရှိလာအောင် ဆောင်ရွက် ပေးခဲ့ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ၂၀၁၂ ခုနှစ်၏ ဂျီဒီပီ ပမာဏ တိုးတက်နှုန်းသည် ၇့ ၈ ရာခိုင်နှုန်း ဖြစ်ပြီး မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၂၆ သိန်း ၆ သောင်းကျော် တိုးများ လာပြီး ယခုနှစ် စီးပွါးရေး တိုးတက်ရေးအတွက် ကောင်းမွန်သော အခြေခံကို ဖန်တီး ပေးလိုက်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ပြည် မက်ကရို စီးပွါးရေး မြန်မြန်မှန်မှန် တိုးတက်လာကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု စုစုပေါင်းပမာဏ နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းမှာ ၉့ ၃ ရာခိုင်နှုန်း ဖြစ်ပြီး ငွေကြေးဖေါင်းပွမှုနှုန်းကမူ အခြား ထွန်းသစ်စနိုင်ငံများထက် များစွာ ပိုနိမ့်ပါကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းကို လျင်မြန်စွာ ဆောင်ရွက်ပြီး စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရည်အသွေးနှင့် အကျိုးဖြစ်ထွန်းမှုကို တိုးမြှင့်ခဲ့ကြောင်း၊ ကျွန်တော်တို့သည် ပြည်တွင်း ဝယ်လိုအား တိုးမြှင့်ရေး မဟာဗျူဟာကို တစ်လျှောက်လုံး ကျင့်သုံးလာပြီး စီးပွါးရေး တိုးတက်မှုကို ထင်ရှားသိသာစွာ တွန်းအားပေးခဲ့ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်လုပ်ငန်းနှင့် လယ်သမားရေးရာလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အခြေခံလုပ်ငန်းအဖြစ် လုပ်ဆောင်နေကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးသုံးငွေ စုစုပေါင်းပမာဏမှာ ယွမ် ဘီလီယံ ၄၄၇၀ ဖြစ်ပြီး နှစ်စဉ်တိုးတက်နှုန်းမှာ ၂၃့ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် သိပ္ပံနည်းပညာကို အားကိုးပြီး နိုင်ငံတော် ရှင်သန်ရေး မဟာဗျူဟာကို စွဲစွဲမြဲမြဲ ကျင့်သုံးကာ၊ စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးတိုးကို အားသစ်လောင်းပေးနေကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် ပညာရေးလုပ်ငန်းကို ဦးစားပေးကာ တွန်းအားပေးပြီး လွန်ခဲ့သည့် ငါးနှစ်အတွင်း ပညာရေးနယ်ပယ်တွင် ဘဏ္ဍာရေး သုံးငွေ စုစုပေါင်း ပမာဏမှာ ယွမ် ဘီလီယံ ၇၇၉၀ ရှိကြောင်း၊ နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းမှာ ၂၁့ ၅၈ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် ဆန်းသစ်တီထွင်ရေးလုပ်ငန်းကို အစွမ်းကုန် တွန်းအားပေးကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း သိပ္ပံနည်းပညာဆိုင်ရာ ဗဟိုဘဏ္ဍာရေးသုံးငွေ စုစုပေါင်းပမာဏမှာ ယွမ် ၈၇၂့ ၉ ဘီလီယံ ရှိပြီး နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းသည် ၁၈ ရာခိုင်နှုန်းကျော် ရှိကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် အဆင့်မြင့် ကျွမ်းကျင်ပညာရှင်များ ပျိုးထောင်ရေးလုပ်ငန်းကို အလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံခြား၌ ပညာဆည်းပူးလေ့လာပြီး တရုတ်ပြည်သို့ ပြန်လာသော ပညာတော်သင် ဦးရေသည် ၅ သိန်း ၄ သောင်းကျော် ရှိကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် ပြည်သူပြည်သားများ၏ အကျိုးစီးပွါးကို ပထမဆုံးနေရာ၌ ထားပြီး ပြည်သူပြည်သားများ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်လာအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကျွန်တော်တို့သည် အလုပ်အကိုင်နေရာချထားမှု အာမခံပေးရေးလုပ်ငန်းကို ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ရေးဆိုင်ရာ အရေးအကြီးဆုံးကိစ္စအဖြစ် လုပ်ဆောင်နေကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် ဆေးဝါးကုသရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဇောက်ချပြုလုပ်ပြီး အမျိုးအစားသစ် ကျေးလက်ဒေသ ဆေးဝါးကုသရေးစနစ်နှင့် မြို့ပြ အခြေခံ ဆေးဝါးကုသရေး အာမခံစနစ်ကို တည်ထောင် လိုက်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် အရေးကြီးလုပ်ငန်းနယ်ပယ်၌ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဇောက်ချပြုလုပ်ပြီး စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ရှင်သန်စွမ်းအားကို တိုးမြှင့်ပေးခဲ့ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် တံခါးဖွင့်ရေးလုပ်ငန်းကို ပြတ်ပြတ်သားသား တိုးချဲ့ပြုလုပ်ပြီး သွင်းကုန်ပို့ကုန် နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းမှာ ၁၂့ ၂ ရာခိုင်နှုန်း ဖြစ်ပြီး ကမ္ဘာ့ တတိယနေရာမှနေ ဒုတိယနေရာသို့ မြင့်တက်လာကြောင်း၊ ယင်းတို့အနက် ပို့ကုန်ပမာဏမှာ ကမ္ဘာ့ပထမ နေရာ၌ တည်ရှိနေကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် အစိုးရ စီမံအုပ်ချုပ်ရေးလုပ်ငန်း ထူထောင်မှုကို အားဖြည့်ဆောင်ရွက်ပြီး စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းကို ပိုမို လေးနက်စွာ လုပ်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း ကျွန်တော်တို့သည် တိုင်းရင်းသားလူမျိုးစုဒေသများ၌ ကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို အကောင်အထည်ဖေါ် ဆောင်ရွက်ပြီး လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်မှုမူဝါဒကို ထိရောက်စွာ အကောင်အထည်ဖေါ် ကျင့်သုံးနေကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ လွန်ခဲ့သည့်ငါးနှစ်အတွင်း ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ရေးရာလုပ်ငန်းများကို တစ်ဆင့်တိုး တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် ဘက်စုံ သံတမန်ရေးလုပ်ငန်းတွင် အရေးကြီး တိုးတက်မှုများ ရရှိကြောင်း၊ နိုင်ငံကြီးများနှင့် ဆက်ဆံမှုကို တက်ကြွစွာ တွန်းအားပေးပြီး အိမ်နီးချင်းနိုင်ငံများနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခဲ့ကြောင်း၊ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို အောင်မြင်စွာ ထူထောင်ခဲ့ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ မှန်ကန်စွာ ခေါင်းဆောင်မှုကြောင့်၊ ပြည်သူတစ်ရပ်လုံး၊ တိုင်းရင်းသားပေါင်းစုံတို့၏ ကြိုးပမ်းမှုကြောင့် တိုးတက်အောင်မြင်မှုများကို ရရှိနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရာတွင် ပြဿနာ များစွာ ရှိနေသေးကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ လူမှုရေးဆိုင်ရာ ပြဿနာများ များပြားလာပြီး၊ ပညာရေး၊ အလုပ်အကိုင်နေရာချထားရေး၊ လူမှုအာမခံပေးရေး၊ ဆေးဝါးကုသရေး၊ နေအိမ်၊ ပတ်ဝန်းကျင်၊ အစားအစာနှင့် ဆေးဝါး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် လုံခြုံရေး အစ ရှိသော ပြည်သူလူထုများ၏ အကျိုးစီးပွါးနှင့် ဆက်စပ်သောလုပ်ငန်း နယ်ပယ်များတွင် ပြဿနာများ ရှိသေးကြောင်း ပြောကြားပါသည်.

 

ဒီနှစ် စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်နှင့် မက်ကရို စီးပွါးရေး မူဝါဒများနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် မဟာဗျူဟာမြောက်အခွင့်အရေး များပြားသော အချိန်ကာလ၌ ရှိနေကြောင်း၊ စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင်သော အကြောင်းရပ်များစွာ ရှိနေသေးကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ဒီနှစ်မှာ စီးပွါးရေး တိုးတက်မှု အရည်အသွေးနှင့် အကျိုးဖြစ်ထွန်းမှု တိုးမြှင့်ရေးကို အမြူတေအဖြစ်ထားမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်းကို ဇောက်ချပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်ရေး မဟာဗျူဟာသစ်ကို ဖေါ်ဆောင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဒီနှစ် စီးပွါးရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိက ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ဂျီဒီပီ တိုးတက်နှုန်းကို ၇့ ၅ ရာခိုင်နှန်းခန့် ဖြစ်စေရန်၊ ပြည်သူလူထု စားသုံးမှုကုန်ဈေးနှုန်း မြင့်တက်နှုန်းကို ၃့ ၅ ရာခိုင်နှုန်းခန့် ရှိစေရန်၊ မြို့ပြနှင့် ကျေးလက်နေပြည်သူများ၏ လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေကို စီးပွါးရေး တိုးတက်နှုန်းနှင့် တပြေးညီ ဖြစ်စေရန်တို့ ဖြစ်ကြောင်း ပြောကြားပါသည်။

 

စီးပွါးရေး တိုးတက်ရေး ရည်မှန်းချက်နှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ အခွင့်အလမ်းများကို ထိထိမိမိ အသုံးချပြီး သိပ္ပံနည်းကျကျဖြင့် စီးပွါးရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ကုန်ဈေးနှုန်းနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ပြည်သူလူထု စားသုံးမှု ကုန်ဈေးနှုန်း မြင့်တက်နှုန်းကို ၃့ ၅ ရာခိုင်နှုန်း ဝန်းကျင်တွင် ထိန်းချုပ်ထားရန်မှာ ဘက်အသီးသီးမှ အကြောင်းရပ်များကို ထည့်သွင်းစဉ်းစားပြီး သတ်မှတ်ခြင်း  ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ တက်ကြွသော ဘဏ္ဍာရေးမူဝါဒကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ လိုငွေပြမှု အသင့်အတင့် တိုးလာအောင် ဆောင်ရွက်မည် ဖြစ်ပြီး အခွန် လျှော့ချမှုဆိုင်ရာ စမ်းသပ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် တည်ငြိမ်ပြီး ပုံမှန်သော ငွေကြေးမူဝါဒကို ဆက်လက် ကျင့်သုံးမည် ဖြစ်ကြောင်း၊ စီးပွါးရေးတိုးတက်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ငွေကြေးလုပ်ငန်းဆိုင်ရာ အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ညီမျှအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က ဒီနှစ် အစိုးရလုပ်ငန်းနဲ့ပတ်သက်ပြီး တိုက်တွန်းချက်များကို တင်ပြလိုက်ပါသည်။ ဝင်ကျားပေါင်က၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု အသွင်ပုံစံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ပိုမို လျင်မြန်စွာ ဆောင်ရွက်မည် ဖြစ်ပြီး စီးပွါးရေး ဆက်တိုက် ပုံမှန် တိုးတက်ရေးကို အားသစ်လောင်းပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ပြည်တွင်းဝယ်လိုအား တိုးချဲ့ရေးကို စီးပွါးရေး တိုးတက်ရေးဆိုင်ရာ ရေရှည် မဟာဗျူဟာအဖြစ် ထားပြီး စားသုံးမှု၏ အခြေခံ အခန်းကဏ္ဍနှင့် ငွေရင်းမြှုပ်နှံမှု၏ သော့ချက်ကျ အခန်းကဏ္ဍကိုလည်း တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ စီးပွါးရေး တိုးတက်မှု အသွင်ပုံစံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အစွမ်းကုန် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကိုလည်း ပိုမို လျင်မြန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ သဘာဝပတ်ဝန်းကျင် တည်ဆောက်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို အစွမ်းကုန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စွမ်းအင် ချွေတာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးမူဝါဒကို စွဲစွဲမြဲမဲ ကျင့်သုံးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ဒေသဆိုင်ရာ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ဆက်လက် ဇောက်ချ ပြုလုပ်ပြီး ဒေသအသီးသီးမှာ စီးပွါးရေး တပြေးညီ ဖြစ်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံများ ပိုမို ခိုင်မာလာအောင် လုပ်ဆောင်ပေးရမည် ဖြစ်ပြီး မြို့ပြနှင့်ကျေးလက် တပြေးညီဖြစ်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ မြို့ပြတည်ဆောက်ရေးလုပ်ငန်း မှန်မှန် တိုးတက်စေရန် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ပြည်သူပြည်သားများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ရေးကို အဓိကလုပ်ငန်းအဖြစ်ထားပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် အလုပ်အကိုင် နေရာချထားမှု တိုးမြှင့်ရေး လုပ်ငန်းကို အစွမ်းကုန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် လူမှု အာမခံစနစ် ပိုမို ကောင်းမွန် ပြည့်စုံလာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ဆေးဝါးကုသရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းကို စောင့်ချပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ လူဦးရေဆိုင်ရာ မူဝါဒများ ပိုမို ကောင်းမွန်လာအောင် စနစ်တကျ လုပ်ဆောင်မည် ဖြစ်ပြီး မိသားစုစီမံကိန်းမူဝါဒကို စွဲစွဲမြဲမြဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ လူမှုရေး စီမံခန့်ခွဲမှုလုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး အစိုးရက အများပြည်သူအား ဝန်ဆောင်မှုပေးရေး လုပ်ငန်း၏ အသွင်ပုံစံ ပိုမို ကောင်းမွန်လာအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ အိမ်ခြံမြေဈေးကွက် ထိန်းချုပ်ရေးနှင့် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းကို အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ပညာရေး၊ သိပ္ပံနည်းပညာလုပ်ငန်းနှင့် ယဉ်ကျေးမှု ထူထောင်ရေးလုပ်ငန်းတို့ကို ပိုမိုအရေးကြီးသည့် မဟာဗျူဟာမြောက်နေရာတွင် ထားရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်းကို ရဲရဲဝံ့ဝံ့ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ စီးပွါးရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေး စသည့် နယ်ပယ်များ၌ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဇောက်ချပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ဆိုရှယ်လစ် ဈေးကွက်စီးပွါးရေးစနစ် တစ်ဆင့်တိုး ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ကောက်ယူရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ပိုမို လျင်မြန်စွာ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ဆိုရှယ်လစ် ဒီမိုကရေစီ ဥပဒေစိုးမိုးရေးလုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ နိုင်ငံရေးကို စီမံခန့်ခွဲရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ တံခါးဖွင့်ရေးမူဝါဒကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများအတွက် တံခါးဖွင့်ပေးထားသည့် တစ်ချိန်တည်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း တံခါး ဖွင့်ပေးထားရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ကျွန်တော်တို့သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်အကျိုးရှိစေရေး အလံတော်ကို ကိုင်ဆောင်ထားရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း ချီတက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

ဝန်ကြီးချုပ် ဝင်ကျားပေါင်က၊ ရဲဘော် ရှီကျင့်ဖိန်က အထွေထွေ အတွင်းရေးမှူး အဖြစ် ထမ်းဆောင်နေသည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့်၊ အသင့်အတင့်ချောင်လည်သော နေထိုင်မှုဘဝ ထူထောင်ရေးအတွက်လည်းကောင်း၊ တရုတ်အမျိုးသား ရှင်သန်ရေးအတွက်လည်းကောင်း ကြိုးပမ်းကြစို့ဟု နိဂုံးချုပ်လိုက်ပါသည်။