နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်း တျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ စင်ကာပူနိုင်ငံတော်အတိုင်ပင်ခံ လီရှန်လွန်း နှင့် တွေ့ဆုံခဲ့သည်။
ရှီကျင့်ဖိန်က လီရှန်လွန်း၏ စင်ကာပူဝန်ကြီးချုပ် ရာထူးသက်တမ်းအတွင်း စင်ကာပူကို ဦးဆောင်ပြီး သိသာထင်ရှားသော အောင်မြင်မှုများရရှိခြင်းနှင့် တရုတ်-စင်ကာပူ ပူးပေါင်း ဆောင်ရွက်မှုကို ရေရှည်ဂရုစိုက်မှုနှင့် ထောက်ခံမှုအပေါ် ချီးကျူးခဲ့သည်။
ရှီကျင့်ဖိန်က ယခုနှစ်သည် စူးကျိုး စက်မှုဇုန် တည်ဆောက်မှု နှစ် ၃၀ ပြည့် နှစ်ပတ်လည် နေ့ဖြစ်ကြောင်း၊လွန်ခဲ့သည့် နှစ် ၃၀ အတွင်း စူးကျိုးစက်မှုဇုန်သည် ရေကန်ရေအိုင်မှ ဆန်းသစ်တီထွင်သောမြို့အဖြစ်သို့ ပြောင်းလဲခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကို တည်ထောင်ခဲ့ရုံသာမက တရုတ်နိုင်ငံ၏ တံခါးဖွင့်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတွင် စင်ကာပူ၏ နက်နက်ရှိုင်းရှိုင်း ပါဝင်မှုကို သက်သေ ပြလိုက်ခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
လီရှန်လွန်းက စင်ကာပူနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင် ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်ပုံစံ ခေတ်မီရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ လက်ရှိ ရှုပ်ထွေးသော နိုင်ငံတကာ အခြေအနေတွင် နိုင်ငံအသီးသီးတို့သည် ရေရှည်ရှုထောင့်ကို စွဲကိုင်ပြီး နိုင်ငံစုံဝါဒကို စွဲကိုင်ကာ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး အန္တရာယ်များနှင့် စိန်ခေါ် မှုများကို ပူးတွဲဖြေရှင်း၍ ပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုဆောင်ရွက် သင့် ကြောင်း ပြောကြားခဲ့ပါသည်။