အမေရိကန်နှင့် ဥရောပအရာရှိများက ယူကရိန်းသို့ နျူကလီးယားလက်နက်များ ပြန်လည်ပေးအပ်ရန် အဆိုပြု၊ ရုရှားက ယင်းအယူအဆမှာ အလွန်အစွန်းရောက်သည် ဟု ပြောကြား

(GMT+08:00)2024-11-27 14:03:46  

 ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် အမေရိကန်သည် ယူကရိန်းမှ ယူဆောင်လာသော နျူကလီးယားလက်နက်များကို ယူကရိန်းသို့ ပြန်လည်ပေးအပ်ရန် အမေရိကန်နှင့် ဥရောပ အရာရှိအချို့က အဆိုပြုခဲ့ကြောင်း New York Times က ဖော်ပြခဲ့ပါသည်။ ယင်းနှင့် ပတ်သက် ၍ ရုရှားသမ္မတ၏သတင်းအတွင်းဝန် ပယ်စ်ကိုးဗ်က ယူကရိန်းသို့ နျူကလီးယား လက်နက်များ ပြန်လည်ပေးအပ်ရန် အဆိုပြုခြင်းသည် လုံးဝတာဝန်မဲ့သော အယူအဆဖြစ်ပြီး အလွန် အစွန်းရောက်ကြောင်း  ယခုလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

 ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ မက်ဒ်ဗီဒက်ဗ်က ယူကရိန်းသို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးခြင်းသည် ရုရှားကို တိုက်ခိုက်ခြင်းနှင့် တူညီ ကြောင်း ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။