ဒုတိယအကြိမ် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်ရေး ကုန်စည် ပြပွဲသည် အဆင့်မြင့် ကုန်ထုတ်လုပ်မှုကွင်းဆက် ပြသရေးဇုန်ကို အသစ်ထားပေးပြီး ပြည် တွင်းပြည်ပမှ လုပ်ငန်း ကုမ္ပဏီ ၈၀ ကို ပါဝင်ပြသရန် ဆွဲဆောင်ခဲ့ပါသည်။
နိုဝင်ဘာလ ၂၆ရက်နေ့ ညနေပိုင်းတွင် ပါဝင်ပြသသည့် လုပ်ငန်းကုမ္ပဏီများက "အစိမ်းရောင် ကာဗွန်နည်းသော စက်မှုခေတ်သစ်၊ အဆင့်မြင့်ထုတ်လုပ်ရေးကွင်းဆက် လုပ်ငန်း ကုမ္ပဏီများ ပူးတွဲအဆိုပြုချက်”ကို အတူထုတ်ပြန်ခဲ့ပါသည်။
ယင်းအဆိုပြုချက်၏ ရည်မှန်းချက်က ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်ရေးကုန်စည်ပြပွဲ ပလပ်ဖောင်းမှတစ်ဆင့် နည်းပညာဆန်းသစ်တီထွင်မှု၊ စက်မှုအသွင်ကူးပြောင်းရေးနှင့် အဆင့်မြှင့်တင်ရေးနှင့် လုပ်ငန်းနယ်ပယ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ရန် အထောက်အကူပြုပြီး ကုန်ထုတ်လုပ်မှုကို ပိုမိုစိမ်းလန်းသော၊ ကာဗွန်နည်းပြီး ရေရှည်တည်တံ့သော ဦးတည်ချက်သို့ ကူးပြောင်းရန် အတူတွန်းအားပေးခြင်းဖြစ်ပါသည်။