ရှီကျင့်ဖိန်သည် “ပါလက်စတိုင်း ပြည်သူများအား အားပေးထောက်ခံရေး ဆိုင်ရာ နိုင်ငံတကာနေ့” အထိမ်းအမှတ် ညီလာခံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-11-27 14:07:31  

 ယခုလ ၂၆ရက်နေ့က ကုလသမဂ္ဂသည် “ပါလက်စတိုင်း ပြည်သူများအား အားပေးထောက်ခံရေး ဆိုင်ရာ နိုင်ငံတကာနေ့” အထိမ်းအမှတ် ညီလာခံကို ကျင်းပခဲ့သည်။ အဆိုပါ ညီလာခံသို့ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ 

        ရှီကျင့်ဖိန်၏ ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ပါလက်စတိုင်း ပြဿနာသည် အရှေ့ အလယ်ပိုင်း ပြဿနာ၏ အမြုတေ ဖြစ်ပြီး နိုင်ငံတကာ တရားမျှတမှုနှင့် သက်ဆိုင် ကြောင်း၊ လောလောဆယ် လုပ်ဆောင်ရမည့် ကိစ္စမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ သက်ဆိုင်ရာ အတည်ပြုဆုံးဖြတ်ချက်များကို ဘက်စုံ ထိရောက်စွာ လိုက်နာကျင့်သုံးပြီး အပစ်အခတ် အမြန်ဆုံး ရပ်စဲကာ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်၍ ဒေသ တွင်း အခြေအနေ တင်းမာမှုကို လျော့ပါးစေရန် ဖြစ်ကြောင်း၊ ပြဿနာကို အရင်းခံမှ ဖြေရှင်းရေး နည်းလမ်းမှာ “နှစ်နိုင်ငံ တည်ရှိရေးအဆိုပြုချက်”ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ပြီး ပါလက် စတိုင်း ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်အောင် တွန်းအားပေးရန်ပင် ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

         ရှီကျင့်ဖိန်က တရုတ် နိုင်ငံသည် ပါလက်စတိုင်း ပြည်သူများ၏ အမျိုးသား တရားဝင် အခွင့်အရေး ပြန်လည် ရရှိသည့် တရားမျှတသော လုပ်ငန်း အပေါ် အစဉ်တစိုက် ခိုင်မာ ပြတ်သားစွာ အားပေးထောက်ခံကြောင်း၊ တရုတ် နိုင်ငံ အနေနှင့် နိုင်ငံတကာ အသိုင်း အဝိုင်း နှင့် အတူ အပစ်အခတ် ရပ်စဲရန်၊ စစ်ပွဲနှင့် သတ်ဖြတ်မှုကို အဆုံးသတ်ရန် ဆက်လက် လက်တွဲ တွန်းအားပေးပြီး ပါလက်စတိုင်း ပြဿနာကို တရား မျှတစွာနှင့် ဆောလျင်စွာ ဖြေရှင်း နိုင်အောင် တွန်းအားပေးမည် ဖြစ်ကြောင်း ရေးသား ဖော်ပြ ထားသည်။