“ကုလသမဂ္ဂ အရှေ့ဖျားဒေသရှိ ကယ်ဆယ်ရေးနှင့် အေဂျင်စီဌာန UNRWA က စနစ်တကျလုပ်ကြံတိုက်ခိုက်မှု ခံရခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက အဆိုပြုချက် လေးချက် တင်ပြ

(GMT+08:00)2024-11-27 14:06:22  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၆ရက်နေ့တွင် ကျင်းပသော ပဋိပက္ခများအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများနှင့် ကုလ သမဂ္ဂ ဝန်ထမ်းများ၏ လုံခြုံရေးကို ကာကွယ်ခြင်းဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကင်စွမ်က လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းသည် မွန်မြတ်သော လုပ်ငန်းတစ်ရပ်ဖြစ်၍ ၎င်းတို့၏ လုံခြုံရေးကို အပြည့်အဝ ကာကွယ်သင့်ကြောင်း၊ လူပေါင်း ၂ သန်းကျော်အတွက် အသက်သွေးကြောဖြစ်သည့် အရှေ့ဖျားဒေသရှိ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အေဂျင်စီဌာန သည် စနစ်တကျလုပ်ကြံတိုက်ခိုက်မှု ခံခဲ့ရပြီး ပဋိပက္ခတွင် အေဂျင်စီ ဝန်ထမ်း ၂၄၇ ဦး သေဆုံးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲအဆုံးသတ်ရေးကို  အစွမ်းကုန် တွန်းအား ပေးခြင်း၊ ကာကွယ်ရေးတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ခြင်း၊ လုံခြုံရေးအာမခံချက်များကို ထိထိရောက်ရောက် ပေးအပ်ခြင်းနှင့် စံနှုန်းနှစ်မျိုးထားမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ခြင်း စသည့် အဆိုပြုချက် လေးချက်ကို တင်ပြခဲ့ကြောင်း ပြောကြားခဲ့ပါသည်။