ရှီကျင့်ဖိန်သည် ဆာမိုအာ ဝန်ကြီးချုပ် Fiame နှင့် တွေ့ဆုံ

(GMT+08:00)2024-11-27 13:59:03  

နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ တရုတ်ပြည်သို့ အလည်အပတ် ရောက်ရှိနေသော  ဆာမိုအာ ဝန်ကြီးချုပ် Fiame Naomi Mataʻafa နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ဆာမိုအာ သည် ပစိဖိတ် ကျွန်းနိုင်ငံများမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် ပထမအသုတ် နိုင်ငံများတွင် ပါဝင်ကြောင်း၊ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့်နှစ်ပေါင်း ၅၀ ခန့်အတွင်း နှစ်နိုင်ငံတို့သည် ချစ်ကြည်ရေးအစဉ်အလာကို ထိန်းသိမ်းထားပြီး အပြန်အလှန် လေးစားမှု၊ တန်းတူရည်တူ ဆက်ဆံမှုနှင့် အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုတို့ကို အစဉ်တစိုက် ဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံသည် “ အပြည့်အဝလေးစားမှု ၄ ရပ်”မူကို အခြေခံပြီး ပစိဖိတ်ကျွန်းနိုင်ငံများအပေါ် ကူညီမှုများတွင် နိုင်ငံရေးဆိုင်ရာ ခြွင်းချက်ထားခြင်းများ၊ အတင်းအဓ္ဓမ လုပ်ဆောင်စေခြင်းများ  မပါ ရှိကြောင်း၊ ပစိဖိတ်ကျွန်းနိုင်ငံများဆိုင်ရာ တရုတ်နိုင်ငံ၏ ပေါ်လစီများသည် ပွင့်လင်းပြီး တစ်ကိုယ် ကောင်းဆန်သော စိတ်ဆန္ဒမရှိကြောင်း၊ တတိယဘက်ကို ရည်မှန်းထားခြင်း မရှိကြောင်း၊ ပထဝီဝင်ဆိုင်ရာ ပြိုင်ဆိုင် မှုနှင့် သြဇာလွှမ်းမိုးမှု ပြုလုပ်ခြင်းများ မရှိကြောင်း ပြောကြားခဲ့သည်။

ဆာမိုအာ ဝန်ကြီးချုပ် Fiame က တရုတ်နိုင်ငံက ဆာမိုအာအား တန်ဖိုးကြီးသော ကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက် ဖက်ရေးမူကို ဆာမိုအာ က ချီးကျူးကြောင်း၊ ပစိဖိတ် ကျွန်းနိုင်ငံများအပေါ် တရုတ်နိုင်ငံ၏ ကူညီမှုများတွင် နိုင်ငံရေးဆိုင်ရာ ခြွင်းချက် ထားခြင်း မရှိဘဲ အမြဲတမ်း ကတိ တည် ကြောင်း၊ ဆာမိုအာ သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ခိုင်ခိုင်မာမာ လိုက်နာပြီး သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် တို့ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နှစ်ဖက်တို့က "တရုတ်နှင့် ဆာမိုအာ ပူးတွဲကြေညာချက်" ကို ထုတ်ပြန်ခဲ့သည်။