တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အဓိကတွန်းအားဖြစ်သည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဆို

(GMT+08:00)2024-11-27 14:08:45  

ဒေသစံတော်ချိန် ယခုလ ၂၆ရက်နေ့က ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် Hun Manet သည် ဖနွမ်းပင် မြို့တော်တွင် ကျင်းပသော ၂၀၂၄ခုနှစ် ကမ္ဘာလုံး ဆိုင်ရာ တရုတ် အနွယ်ဖွား စီးပွားရေးနှင့် သိပ္ပံနည်းပညာ ထိပ်သီး အစည်းအဝေး၌ တရုတ် နိုင်ငံသည် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အတွက် အဓိက တွန်းအား ဖြစ်၍ အရှေ့တောင်အာရှဒေသသည် တရုတ် နိုင်ငံ ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုမှ အကျိုးခံစား ရရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

        Hun Manetက Belt and Road အတူတကွ တည်ဆောက်ရေး အဆိုပြုချက် မူဘောင် အတွင်း တရုတ် လုပ်ငန်း ကုမ္ပဏီများသည် ကမ္ဘောဒီးယား နည်းပညာ တိုးတက်မှုကို ဆက်တိုက် ကူညီပံ့ပိုးနေကြောင်း၊ ကမ္ဘောဒီးယား-တရုတ် ဆက်ဆံမှု ခိုင်မာခြင်းကြောင့် ကမ္ဘောဒီးယားတွင် တရုတ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရန် အတွက် အကျိုးရှိသည့် ပတ်ဝန်းကျင် ရှိကြောင်း ပြောကြားခဲ့သည်။