ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၆ ရက်နေ့က အမေရိကန် သမ္မတ ဘိုင်ဒန်သည် အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် နှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။
ဘိုင်ဒန်က ယင်းသဘောတူညီချက်သည် ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီတွင် အသက်ဝင်မည်ဖြစ်ပြီး ရန်လိုတိုက်ခိုက်မှုများ ထာဝရ ရပ်စဲရန် ရည်မှန်း ထား ကြောင်း၊ လာမည့် ရက်ပေါင်း ၆၀ အတွင်း အစ္စရေးသည် ၎င်း၏ ကျန်နေသည့်တပ်များကို တဖြည်းဖြည်း ရုပ်သိမ်းသွားမည်ဖြစ်ပြီး လက်ဘနွန် စစ်တပ်နှင့် အမျိုးသား လုံခြုံရေး တပ်ဖွဲ့များကိုလည်း ၎င်းတို့၏ ကိုယ့်ပိုင်နက်တွင် ချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဘိုင်ဒန်က ဟစ်ဇ်ဘိုလာနှင့် အခြားအဖွဲ့အစည်းများသည် သဘောတူညီချက်ကို ချိုးဖောက်ပြီး အစ္စရေးကို ပြန်လည် ခြိမ်းခြောက်လာပါက အစ္စရေးအနေနှင့် မိမိကိုယ်ကို ကာကွယ်ခွင့် ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရှိရသည်။