နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက တရုတ်လေတပ်မှ Y-20 စစ်ဘက်သုံး အကြီးစား ပို့ဆောင်ရေးလေယာဉ်တစ်စင်းသည် တရုတ်အလယ်ပိုင်းဒေသရှိ လေဆိပ်တစ်ခုမှ စတင် ပျံသန်းပြီး တောင်ကိုရီးယားနိုင်ငံရှိ ၁၁ သုတ်မြောက် တရုတ်ပြည်သူ့ ဗော်လံတီယာတပ် အာဇာနည်များ၏ ကျွင်းကျန် ရုပ်ကလာပ်များကို တောင်ကိုရီးယားမှ တရုတ်နိုင်ငံသို့ ပို့ဆောင်ရေးတာဝန်ကို ထမ်းဆောင်မည် ဖြစ်သည်။ တောင်ကိုရီးယားဘက်သည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တောင်ကိုရီးယားရှိ တရုတ်ပြည်သူ့ ဗော်လံတီယာတပ် အာဇာနည် ၄၃ ဦးတို့၏ ကျွင်းကျန် ရုပ်ကလာပ်များနှင့် သက်ဆိုင်ရာပစ္စည်းများကို တရုတ်ဘက်အား လွှဲပြောင်းပေးမည် ဖြစ်ပါသည်။
တရုတ်နှင့် တောင်ကိုရီးယားတို့သည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် လူသားချင်း စာနာ ထောက်ထားရေးမူအရ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တောင်ကိုရီးယားရှိ တရုတ်ပြည်သူ့ ဗော်လံတီယာတပ် အာဇာနည် ၉၃၈ ဦးတို့၏ ကျွင်းကျန် ရုပ်ကလာပ်များနှင့် သက်ဆိုင် ရာပစ္စည်းများကို ၁၀ ကြိမ် ဆက်တိုက် လွှဲပြောင်းပေးခဲ့ပြီဟု သတင်းရရှိပါသည်။