G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အီတလီနိုင်ငံတွင် ကျင်းပ

(GMT+08:00)2024-11-26 12:15:00  

ဒေသစံတော်ချိန် ယခုလ ၂၅ ရက်နေ့က G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အီတလီနိုင်ငံတွင် စတင်ကျင်းပခဲ့ပါသည်။ G7 ၏ အလှည့်ကျ သဘာပတိနိုင်ငံ အီတလီနိုင်ငံမှ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani သည် လုပ်ငန်းအစည်းအဝေးကို ဦးစီးကျင်းပခဲ့ပြီး ဂါဇာဒေသ၏ လူသားချင်းစာနာထောက်ထား မှု အကျပ်အတည်း၊ လက်ဘနွန်အခြေအနေနှင့် ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှုစသည့် အရှေ့အလယ် ပိုင်း ပြဿနာများကို အဓိကဆွေးနွေးခဲ့ကြပါသည်။ ဒေသစံတော်ချိန် ယခုလ၂၆ ရက်နေ့တွင် G7 နိုင်ငံခြားရေးဝန်ကြီးများသည် ရုရှား-ယူကရိန်းအချင်းပွားမှု အပါအဝင်ပြဿနာများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ပူးတွဲပြန်တမ်း ရရှိနိုင်ဖွယ်ရာရှိကြောင်း သတင်းအရသိရပါသည်။