မက္ကဆီကိုနှင့် ကနေဒါမှ ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ယူမည်ဟု ထရမ့် ကြေညာ

(GMT+08:00)2024-11-26 13:35:41  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက်နေ့က အမေရိကန် သမ္မတအဖြစ်  အရွေးခံရသော ဒေါ်နယ်ထရမ့်က အမေရိကန်သို့ ဝင်ရောက်လာသော မက္ကဆီကိုနှင့် ကနေဒါမှ ကုန်ပစ္စည်း အားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်၏ ယမန်နှစ်က အင်တာဗျူးတစ်ခုတွင် သွင်းကုန် အားလုံး အပေါ် အခွန် ၁၀ ရာခိုင်နှုန်းကို ယေဘုယျ အားဖြင့် ကောက်ယူရန် အဆိုပြုခဲ့သည်။ ယခုနှစ် နိုဝင်ဘာလတွင် အမေရိကန် ပြည်လုံးဆိုင်ရာ လက်လီရောင်းချမှု အဖွဲ့ချုပ် (NFR) မှ သုတေသန ပြုမှု တစ်ရပ်အရ ထရမ့် အဆိုပြုထားသော အခွန်ကောက်ခံမည့် အစီအစဉ်အသစ်ကို အကောင်အထည်ဖော်ဆောင်ပါက အမေရိကန် စားသုံးသူများသည် နှစ်စဉ်အသုံးစရိတ်တွင် ဒေါ်လာ ၇၈ ဘီလီယံအထိ ဆုံးရှုံးနိုင်ဖွယ်ရာရှိကြောင်း ဖော်ပြ ထားသည်။