မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် တတ်နိုင်သမျှ ထောက်ပံ့ ကူညီမှုများပေးသွားမည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-11-26 18:24:09  

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေနှင့် ပတ်သက်ပြီး သတင်းထောက် ၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအဖြစ် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေကို တစ်လျှောက်လုံး အာရုံစိုက်နေကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် စစ်ပွဲဖြစ်ပွားမှုကို ပြတ်ပြတ် သားသား ဆန့်ကျင်ပြီး မြန်မာနိုင်ငံအခြေအနေ အမြန်ဆုံး ပုံမှန်ပြန်ဖြစ်လာနိုင်ရန် မျှော်လင့် ကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးတို့အနေဖြင့် အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးပွဲ ကျင်းပကာ ပြဿနာကိုဖြေရှင်းပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေ တည်ငြိမ်လာဖို့ အတူတွန်းအားပေးရန် တိုက်တွန်းကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ ဆက်လက်တွန်းအားပေးပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် တတ်နိုင်သမျှ ထောက်ပံ့ကူညီမှုများပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။