နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီက ၁၄၇ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာနှင့်ထိုင်း နိုင်ငံ၄ နိုင်ငံတို့မှ မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေကြပ်မတ်ရေး ဆောင်ရွက်မှုရေးရာ သုံးသပ်မှုအစည်းအဝေးကို ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာန ရေပြင်ကင်းလှည့်မှုအဖွဲ့ချုပ်တွင် ကျင်းပခဲ့ပြီး ယခုအကြိမ်ဆောင်ရွက်မှု အောင်မြင်စွာ ပြီးစီးနိုင်ခဲ့ခြင်းကို မှတ်တမ်းတင်ထားသည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။
ယခုအကြိမ်ဆောင်ရွက်မှုကို နိုဝင်ဘာလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ဂျင်ဟာ၊ လာအိုနိုင်ငံမန်းမိုနှင့် မြန်မာနိုင်ငံ ဝမ်ဘန်းဒေသများတွင် တစ်ချိန်တည်း၌ စတင်ပြုလုပ်ပြီး၊ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄ နိုင်ငံတို့မှ ဥပဒေကြပ်မတ်ရေးဌာနတို့သည် ဥပဒေ ကြပ်မတ်ရေး သင်္ဘော ၅ စင်း၊ ဥပဒေကြပ်မတ်ရေးဝန်ထမ်း ၁၀၀ ကျော်တို့ကို စေလွှတ် ကာ၊ ၄ နိုင်ငံတို့မှ တပ်မှူးများသည် ကိုယ်စားလှယ်အဖွဲ့ကို အသီးသီးဦးဆောင်၍ တရုတ်နိုင်ငံမှ အမှတ် ၅၃၁၀၁ သင်္ဘောပေါ် အတူတူလိုက်ပါကာ ကြီးမှူးကွပ်ကဲဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြကြောင်း သိရှိရသည်။