ပါကစ္စတန် အနောက်မြောက်ပိုင်း Khyber Pakhtunkhwaပြည်နယ် အစိုးရမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက Khyber Pakhtunkhwaပြည်နယ် Kurram ဒေသတွင် အချင်းပွားမှု ဖြစ်ပွားသည့် နှစ်ဖက်တို့သည် ၇ရက်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ရရှိခဲ့ကြောင်း၊ ၄င်းသဘောတူ စာချုပ်ပါ အချက်အလက်များ၏ အစိတ်အပိုင်း အနေနှင့် နှစ်ဖက်တို့သည် ဖမ်းဆီးထိန်းသိမ်းထားသည့် တစ်ဖက်၏ လူများနှင့် သေဆုံးသူ များ၏ ရုပ်အလောင်းများကို တစ်ဖက်က လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့ကြောင်း CMGမှ ယခုလ ၂၄ရက်နေ့က သတင်းအရ သိရသည်။
ပါကစ္စတန် Khyber Pakhtunkhwaပြည်နယ် Kurram ဒေသတွင် မကြာခင် ရက်များက အချင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း၊ အချင်းပွားမှုကြောင့် လူ ၈၂ဦး သေဆုံးပြီး ၁၅၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။