ဂျပန် Onagawa(အိုနာဂါဝါ) နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ်၂- နျူကလီးယား ဓာတ်ပေါင်းဖို ယာယီရပ်ဆိုင်း

(GMT+08:00)2024-11-25 11:05:10  

    ဂျပန် Tohoku လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီသည် မကြာသေးမီက ပြန်လည်စတင် လည်ပတ်ခဲ့သော Onagawa နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ်၂- နျူကလီးယား ဓာတ်ပေါင်းဖို စက်ကိရိယာများကို စစ်ဆေးရန်အတွက် ယာယီရပ်ဆိုင်း ကြောင်း၊ စစ်ဆေးမှုပြီးဆုံးလျှင် ဓာတ်ပေါင်းဖိုကို ပြန်လည်စတင်မည် ဖြစ်ကြောင်း၊ ဂျပန်အနုမြူစွမ်းအင်ကော်မတီမှ နောက်ဆုံးအတည်ပြုချက်ကို ရရှိပြီးနောက် အစောဆုံး ဒီဇင်ဘာလတွင် စီးပွားဖြစ်စတင်လည်ပတ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။