ရုရှား-ယူကရိန်း ပဋိပက္ခသည် ၂၀၂၅ ခုနှစ်တွင် ပြီးဆုံးနိုင်ဖွယ်ရှိဟု Zelenskyဆို

(GMT+08:00)2024-11-24 12:19:02  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက်နေ့က  ယူကရိန်းသမ္မတ Zelensky သည် တတိယအကြိမ် “ယူကရိန်း ကောက်နှံများ” နိုင်ငံတကာ စားနပ်ရိက္ခာ လုံခြုံဖူလုံရေး ညီလာခံ မူဘောင်အောက်တွင် နိုင်ငံခြား မီဒီယာများနှင့် စကားပြောဆိုရာ ၂၀၂၅ ခုနှစ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်နိုင်ဖွယ်ရာ ရှိကြောင်း ပြောကြားခဲ့သည်။

Zelensky က ပဋိပက္ခကို မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း ဟူသည်မှာ ရုရှားက ပဋိပက္ခကို မည်သည့်အချိန်တွင် အဆုံးသတ်စေချင်သနည်း ဟူသည်ကို မူတည်ပြီး အမေရိကန်၏ ရပ်တည်ချက် ပိုမို ခိုင်မာရန်နှင့် ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများအနေနှင့် ယူကရိန်းနှင့် အတူရပ်တည်ရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။ အဆိုပါ လမ်းကြောင်း ခက်ခဲသော်လည်း ၂၀၂၅ခုနှစ်တွင် ထမြောက်နိုင်ဖွယ်ရာရှိကြောင်း ၎င်းက ဆိုသည်။