၂၀၂၄ တရုတ်နိုင်ငံတကာ ခရီးသွားကုန်စည်ပြပွဲကို ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်

(GMT+08:00)2024-11-23 13:03:12  

နိုဝင်ဘာလ ၂၂ ရက်နေ့က “မင်္ဂလာပါ တရုတ်နိုင်ငံ” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံတကာ ခရီးသွားကုန်စည်ပြပွဲကို အမျိုးသားပြပွဲစင်တာ(ရှန်ဟိုင်း)တွင် ဖွင့်လှစ်ခဲ့ပါသည်။ ကုန်စည်ပြပွဲ၏ ဧရိယာသည် စတုရန်းမီတာ ၅၃၀၀၀ ခန့်ကျယ်ဝန်းပြီး ပြည်တွင်းယဉ်ကျေးမှုနှင့်ခရီးသွား ပြပွဲဧရိယာ၊ ယဉ်ကျေးမှု၊ ခရီးသွား၊ သိပ္ပံနှင့် နည်းပညာ ပြပွဲဧရိယာစသည့် သီးသန့်ပြပွဲဧရိယာ ၆ ခု ပါဝင်သည်ဟု သတင်းအရသိရပါသည်။