ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် အစ္စရေးရှေ့နေချုပ် Gali Baharraf-Miara က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂလန်တီ တို့အား နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားခြင်းသည် အခြေအမြစ်မရှိဟု ဝေဖန် ပြောဆိုခဲ့သည်။
အစ္စရေးရှေ့နေချုပ် Gali Baharav-Miara မှ ထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတကာ ရာဇဝတ်တရားရုံးအနေဖြင့် ဤကိစ္စနှင့် ပတ်သက်ပြီး အခွင့်အာဏာ လုံးဝမရှိကြောင်း၊ နိုင်ငံတကာ ရာဇဝတ်တရားရုံးသည် အစ္စရေးခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ထားရန် အခွင့်အာဏာ မရှိဘဲ ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတကာရာဇဝတ်တရားရုံး၏ အခြေခံမူများကို ချိုးဖောက်ကြောင်း ဖော်ပြထားသည်။