တရုတ်-ဘရာဇီး သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် အနှစ် ၅၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်ဖြင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှု ကျင်းပ

(GMT+08:00)2024-11-21 11:58:30  

တရုတ်-ဘရာဇီးသံတမန်အဆက်အသွယ် ထားရှိ ခဲ့သည့် အနှစ် ၅၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်အနေဖြင့် ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက်နေ့က China Media Group နှင့် ဘရာဇီးနိုင်ငံ မီဒီယာကုမ္ပဏီတို့ ပူးတွဲဦးစီးကျင်းပသော လူမှုယဉ်ကျေးမှု ကူးလူး ဖလှယ်ရေး လှုပ်ရှားမှုကို ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့တော်တွင် ကျင်းပခဲ့ပါသည်။ ဘရာဇီးနိုင်ငံ သမ္မတ Lula သည် အဆိုပါလှုပ်ရှားမှုထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေး ပို့ ခဲ့ပါသည်။ ဘရာဇီးနိုင်ငံ ဒုတိယသမ္မတ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Geraldo Alckmin ၊ ဘရာဇီးနိုင်ငံသမ္မတရုံး အဖွဲ့အစည်းဆိုင်ရာဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး Alexandre Padilha ၊ ဘရာဇီးနိုင်ငံသမ္မတရုံး သတင်းရေးရာ ဝန်ကြီးဌာန ဝန်ကြီး Paulo Pimenta ၊ ဘရာဇီး ခရီးသွားလာ ရေးဝန်ကြီးဌာန အမှုဆောင်ဝန်ကြီး Ana Lopes၊ ဘရာဇီး ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Márcio Tavares နှင့် ဘရာဇီးနိုင်ငံ မီဒီယာကုမ္ပဏီ ဥက္ကဋ္ဌ Jean Lima အပါအဝင် ဘရာဇီးနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် မီဒီယာများမှ ဧည့်သည်တော် ၂၀၀ နီးပါး လှုပ်ရှားမှုသို့ တက်ရောက်ခဲ့ကြပါသည်။


    နိုဝင်ဘာလ ၂၀ ရက်နေ့က China Media Group ခေတ်သစ်နိုင်ငံတကာ သတင်း ဖြန့်ချိရေး သုတေသနဌာနနှင့် ဘရာဇီးစီးပွားရေးနှင့် လူမှုရေးဥပဒေ သုတေသနဌာနတို့မှ ပူးပေါင်းပြုလုပ်သည့် တရုတ်-ဘရာဇီးတတ်သိပညာရှင်များအဖွဲ့၏ စစ်တမ်းကောက်ယူမှု ရလဒ်ကို ထုတ်ပြန်ခဲ့ပါသည်။ စစ်တမ်းကောက်ယူမှုရလဒ်အရ တရုတ်-ဘရာဇီး နှစ်နိုင်ငံ တို့သည် ခင်မင်ရင်းနှီးသော မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည်ဟု စစ်တမ်း ဖြေဆိုသူ ၈၆.၄ ရာခိုင်နှုန်း က ဖြေဆိုကြပါသည်။ ဖြေဆိုသူ ၉၅.၆ ရာခိုင်နှုန်းသည် ၊ ကမ္ဘာ့ စီးပွားရေးအတွက် တရုတ်နိုင်ငံမှ ထူးချွန်သော အကျိုးပြုစွမ်းဆောင်မှုကို တန်ဖိုးထား ချီးကျူးခဲ့ကြပါသည်။