ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက်နေ့က China Media Group မှ ရိုက်ကူး ထုတ်လုပ်သည့် “ရှီကျင့်ဖိန် ကြိုက်နှစ်သက်သော ဂန္ထဝင်စာသားများ”ရုပ်သံအစီအစဉ် Season Three(ပေါ်တူဂီဘာသာစကားဖြင့်) စတင်ထုတ်လွှင့်ခြင်း အခမ်းအနားအား ဘရာဇီးနိုင်ငံ ဘရာဇီးလီးယား မြို့တော်တွင် ကျင်းပခဲ့ပါသည်။ ဘရာဇီးနိုင်ငံ ဒုတိယသမ္မတ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Geraldo Alckmin သည် အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။ ဘရာဇီးနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် မီဒီယာများမှ နာမည်ကျော်ပုဂ္ဂိုလ်များအပါအဝင် ဧည့်သည်တော် ၂၀၀ နီးပါး အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
“ရှီကျင့်ဖိန် ကြိုက်နှစ်သက်သော ဂန္ထဝင်စာသားများ”ရုပ်သံအစီအစဉ် Season Three (ပေါ်တူဂီ စကားဖြင့်) ထုတ်လွှင့်သည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ အရေးကြီးသော မိန့်ခွန်းများ၊ ဆောင်းပါးများနှင့် ဟောပြောချက်များတွင် ဂန္ထဝင်မြောက် တရုတ်ကဗျာ များကို ကိုးကားထားပြီး သမ္မတ ရှီကျင့်ဖိန် ၏ ထူးချွန်သော နိုင်ငံရေးဉာဏ်ပညာ၊ နက်ရှိုင်းသော လူမှုယဉ်ကျေးမှုခံစားချက်၊ ကျယ်ပြန့်သော သမိုင်းနှင့် ကမ္ဘာ့အမြင်ကို တင်ဆက်ပြသထားပြီး ပရိသတ်များအား တရုတ်အသွင်ပုံစံခေတ်မီရေး၏ ယဉ်ကျေးမှုအခြေခံ အုတ်မြစ်ကို ပြဆို ထားပါသည်။