ရှီကျင့်ဖိန်သည် ဘရာဇီးသမ္မတ Lula နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-11-21 00:13:21  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည်  ဘရာဇီးလီးယားရှိ သမ္မတရုံးတွင် ဘရာဇီးနိုင်ငံသမ္မတ Lula နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့က တရုတ်-ဘရာဇီးဆက်ဆံမှုကို ပိုမိုတရားမျှတ သောကမ္ဘာနှင့် ပိုမိုတည်တံ့သောကမ္ဘာအား လက်တွဲတည်ဆောက်သည့် တရုတ်- ဘရာဇီး ကံကြမ္မာတူ အသိုက်အဝန်းအဖြစ်သို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြပါ သည်။

    ရှီကျင့်ဖိန်က အနာဂတ်တွင် နှစ်နိုင်ငံ  ဆက်ဆံမှု ဖွံ့ဖြိုးရေးဆိုင်ရာ အကြံပြုချက် လေးချက်ကို တင်ပြခဲ့ပါသည်။ ပထမအချက်က မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ် ခိုင်ခံ့စေခြင်း၊ ဒုတိယအချက်က ဖွံ့ဖြိုးရေး မဟာဗျူဟာ ချိတ်ဆက်မှုကို ဆက်လက် နက်ရှိုင်းစေခြင်း၊ တတိယအချက်က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တရား မျှတမှု ထိန်းသိမ်းကာကွယ်ရန်အတွက် တရုတ်၊ ဘရာဇီး အင်အားများကို ပြသခြင်း၊ စတုတ္ထ အချက်က လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရန်အတွက် တရုတ်၊ ဘရာဇီး စွမ်းဆောင်မှုများကို ပြုလုပ်ခြင်းဖြစ်ပါသည်။

Lula က တရုတ်နိုင်ငံနှင့်  အပြန်အလှန် ချိတ်ဆက်မှုနှင့် ကုန်စည်စီးဆင်းမှု အဆင့် အတန်း တိုးမြှင့်ပြီး၊ ဘရာဇီး-တရုတ်၊ လက်တင်အမေရိက-တရုတ် ဘုံတူဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေးကို အားသစ်လောင်းပေးရန် ဘရာဇီးက မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်း အရ သိရပါသည်။